ပြည်တွင်းရေကြောင်း ပုဂ္ဂလိကပေးမယ်

Tuesday, November 13, 2012

 ဓာတ်ပုံ-ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ၀က်ဆိုက်~

သတင်း- ဂျူးဂျူးလှိုင်~

 ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန လက်အောက်တွင်ရှိသော ဌာန နှစ်ခုအား ပြည်တွင်း လုပ်ငန်းရှင် များသာ ဌားရမ်း လုပ်ပိုင်ခွင့်   ပေးမည်ဖြစ်ပြီး ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအား  ပြုလုပ်ခွင့်   ပေးမည် မဟုတ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှုး ဦးဝင်းဖေကပြောသည်။

 “အခု လွှဲပြောင်းပေးမယ် မြစ်ဝကျွန်းပေါ်နဲ့ ဧရာဝတီ ဌာနခွဲနှစ်ခုက ၀င်ငွေအများဆုံးရှာပေးတဲ့ ဌာနတွေ   
ဖြစ်တယ်၊ နောက် ပိုင်းမှာ ၀င်ငွေတွေ နည်းသွားတယ်၊ အသုံးစရိတ်ကုန်ကျတာတွေများလာတယ် ၀င်ငွေနဲ့ ထွက်ငွေ မမျှတ တော့ဘူး။ ဒါတွေကိုပြန်လည်မြင်တက်လာဖို့ အတွက်ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပူးပေါင်း  ဆောင်ရွက်ဖို့ လုပ်တာပါ ပြည်ပ လုပ်ငန်းရှင်တွေမခေါ်ဘူး ဆိုတာကလည်း ခေါ်လောက်တဲ့ အခြေအနေ မရှိဘူးလေ၊ ကျွန်တော်တို့မှာ ဘတ်ဂျက် ကန့်သတ်ထားရတယ်၊ အဲဒီဘတ်ဂျက် အရရှေ့ဆက် သွားဖို့ လုံလောက်တဲ့ ငွေကြေး ပမာဏ လိုတယ်”ဟု ယင်းကပြောသည်။

 ထိုပြင် ဌားရမ်းလုပ်ကိုင်မည် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် အဆိုပါ ဌာနများရှိ ပြေးဆွဲ   
နေသော ရေယာဉ်များကို မိမိတို့ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်နိုင် ကြောင်းနှင့် မည်သည့် ပမာဏဖြင့် ဌားရမ်း သွားလုပ်ကိုင်ခွင့်ပြု မည်ဆိုသည့် ကို ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။ 

“ ပြည်ပ လုပ်ငန်းရှင်တွေ မခေါ်ဘူးဆိုတာကလည်း ခုမှပတမဆုံး အကြိမ်ပေးတာဆိုတော့ လေ့လာ ရအုံး မယ် ပြည်တွင်းကို အရင်လွှဲပြောင်း   ပေးလိုက်လို့   အောင်မြင်တယ်ဆိုရင် နောက်ပိုင်းမှာ   ပြည်ပ လုပ်ငန်းရှင်တွေနဲ့ ထပ်မံပူးပေါင်း လုပ်သွားမှာပါ” ဟု သယ်ယူ ပိုဆောင်ရေး အထွေတွေမန်နေဂျာ ဦးလေးသွင်ကပြောသည်။

 ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးကလည်း “လာရောက် လေ့လာတာပါ ဘယ်လိုတွေပါဝင်တယ် သဘောင်္ ဘယ်နှစ်စီး စတဲ့ အသေးစိတ်တွေကို သတင်းစာထဲမှာ တွေပြီး ဒီအစည်းဝေးမှာ သိရမယ်ဆိုလိုလာရောက်   လေ့လာတဲ့ သဘောပဲ ရှိပါသေးတယ်”ဟု လုပ်ငန်းရှင် တစ်ဦးကပြောသည်။ 

  ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာနအောက်တွင် ကုန်းပို့ဆောင်ရေးဌာနခွဲ၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ဧရာဝတီဌာနခွဲ၊ ချင်း တွင်းဌာနခွဲ၊ သံလွင်ဌာနခွဲ၊ရခိုင်ဌာနခွဲဟူ၍ ဌာနခွဲခြောက်ခုရှိသည့် အနက်မှ ဧရာဝတီနဲ့ မြစ်ဝကျွန်း ပေါ်ဌာနခွဲတို့ ဖြစ်ကြောင်း သိရသည်။

 ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် စက်ရှိ၊ စက်မဲ့ရေယာဉ်ပေါင်း ၄၂၁ခုရှိပြီး၊ ရေယာဉ်တွဲယာဉ်များ၏ သပ်တမ်းမှာတစ် နှစ်အရွယ်မှ နှစ်၇၀ ကျော်ထိရှိကြောင်း ပြီးခဲ့သည့် ၂၀၁၁-၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်က ၀င်ငွေသန်းပေါင်း ၁၂၀၁၈ ဒသာမ ၁၂၅ ကျပ်သန်းရရှိခဲ့ပြီး ၂၀၁၂-၁၃တွင်မူ ကျပ်သန်းပေါင်း ၁၄၇၅၈ ဒသမ ၂၄၈ သန်းလျာထား ကြောင်းသိရသည်။

 ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးသည် ၁၈၅၂ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတွင် ပဲခူးနှင့် မုတ္တမ   
ဒေသ၌ ဗြိတိသျှတို့အ သုးပြုခဲ့သောစက်တပ်ရေယာဉ်လေးးစီး၊ စပ်မဲ့တွဲရေယာဉ် သုံးစီးတို့ဖြင့် စစ်ပြီးချိန် တွင် ရေကြောင်းမှချောစာပို့ခြင်းခရီးသည် ပို့ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင်   မြန်မာနိုင်ငံ   
ပြည်တွင်းရေကြောင်းပိုဆောင် ရေးလုပ်ငန်းကိုစတင်ခဲ့သည်။

 ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အနေဖြင့်ပုဂ္ဂလိကပါဝင်စေခြင်းမှာ အစိုးရ၏ ဘဏ္ဍာငွေ ကျခံသုံးစွဲမှုလျော့ချ နိုင်ရန်၊ ၀င်ငွေနှင့် အသုံးစရိတ်မျှတရန် အမြတ်ရရှိစေရန်၊ ပုဂ္ဂလိက အကျိုးတူး ပူးပေါင်းဆောင်ရွက်မှု ပိုမို ပါဝင်လာပြီး ပုဂ္ဂလိက အခန်းကဏ္ဍအားမြင့်တင့်ရန်တို့ ဖြစ်ကြောင်း သိရသည်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved