ဗိုလ်ချုပ်မှူးကြီးပေးတဲ့ သင်ခန်းစာ

Sunday, November 25, 2012


ပြည်တွင်းထုတ် ဂျာနယ်မှာ ဒီရက်ပိုင်း ထင်ထင်ရှားရှား သတင်း တပုဒ်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အငြိမ်းစား ၆၉ ဦးတို့ရဲ့ အိမ်အကူ၊ အလုပ်သမား၊ ဥယျာဉ်လုပ်သားတွေ အတွက် ထောက်ပံ့ကြေးငွေကို နိုင်ငံတော်မှ ရယူဖို့ လွှတ်တော်မှာ တင်သွင်းကြသတဲ့။ 
 ၂၀၁၀ ခုနှစ် အောက်တိုဘာလက တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဓာတ်ပုံ- ဧရာဝတီ
ဗိုလ်ချုပ်မှူးကြီးက အိမ်တော်မှာတော့ ထမင်းချက် ၅ ဦး၊ အိမ်အကူလုပ်သား ၅ ဦး၊ ဥယျာဉ်လုပ်သား ၅ ဦး တို့ရှိတယ်လို့လည်း ဖတ်လိုက်ရပါတယ်။

စာဖတ်နေဖို့အတွက် အခုလို ထမင်းချက်တွေ၊ အိမ်အကူတွေ လိုအပ်သလို နေပူတော်ကြီးမှာ စိမ်းလန်း စိုပြေနေစေဖို့ ပန်း ဥယျာဉ်တွေ စိုက်ပျိုးနေတယ် ထင်ပါရဲ့။ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးကို ဗိုလ်ချုပ်မှူးကြီး လုပ်နေ ထင်ရဲ့။ ကမ္ဘာမြေကို ချစ်မြတ်နိုးတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းဖို့ သစ်ပင် ဥယျာဉ်တွေ စိုက်ပျိုးကြဖို့ သတိပေးလိုက်သလို သင်ခန်းစာ တခုလည်း ရပါတယ်။ 

ဟိုတလောကလည်း ဗိုလ်ချုပ်မှူးကြီးကို ပင်စင် လစာ တလမှာ ကျပ် သိန်းပေါင်း ၁၀၀ ဆိုတဲ့ သတင်းတွေ ထွက်လာ၊ အခုလည်း အိမ်အကူတွေအတွက် အခွန်ထမ်း ပြည်သူတွေရဲ့ ဘဏ္ဍာငွေဖြစ်တဲ့ နိုင်ငံတော် ထံ က ထောက်ပံ့ စာရိတ်တောင်းခံလိုက်တာပါ။ 

ဗိုလ်ချုပ်မှူးကြီးအပြင် အရင်စစ်အစိုးရ ခေါင်းဆောင် စုစုပေါင်း ၆၉ ဦးတို့ရဲ့ အိမ်အကူတွေအတွက် ပါ ထောက်ပံ့ကြေး တင်ပြတောင်းဆိုခဲ့တာဆိုတော့ တဦးချင်းရဲ့ပင်စင်လစာအပြင် အိမ်အကူ အဆောင် အယောင်တွေပါ ဆက်လက်ပေးထားရတဲ့အခြေအနေကို ထင်ဟပ်တာလည်းဖြစ်ပါတယ်။ ဒီသတင်းဟာ မည်သို့ပင်ဆိုစေ ပြည်သူတွေရင်ထဲ ဆို့နင့်သွားတာတော့ အမှန်ပါပဲ။

မြန်မာပြည်သူတွေဟာ အရင်တုန်းက စစ်ခေါင်းဆောင်တွေ ဘယ်လို၊ ဘယ်လောက် အသုံးစာရိတ် ရှိတယ် မသိခဲ့ကြပေမယ့် အခု လို ပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်မှု အစ၊ အနတွေ တင်ပြလာနိုင်လို့သာ သိခွင့် ရကြတာပါ။ 

ဒီလို သတင်းလွတ်လပ်မှု အစအနလေးတွေ သိခွင့် ရလာဖို့အတွက်  ဘ၀တွေနဲ့ အသက်တွေ၊ ချွေး 
တွေ နှစ်ပေါင်း အတော်ကြာ ရင်းနှီးပေးဆပ်ခဲ့ကြရပြီး အခက်အခဲကြားထဲက ရလာတာမို့ တန်ဖိုး ထား လေးစားကြဖို့ နောက်ထပ် သင်ခန်းစာလည်း ရလိုက်ပါတယ်။ 

အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး ချောချောမွေ့မွေ့ ဆက်လက် ဖြစ်နေစေရေး ဗိုလ်ချုပ်မှူးကြီး အပါအ၀င် ယခင် စစ်ခေါင်းဆောင်များရဲ့ အိမ် အကူလုပ်သားတွေ အတွက်ပါ နိုင်ငံတော်က ဆက် လက် ထောက်ပံ့ပေးနေဖို့ လိုအပ်နေသေးတယ်ဆိုတဲ့ ဒီသတင်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း သင်ခန်းစာ ပေးလိုက်ပါသေးတယ်။ 
  
လူတွေကတော့ ဘာပဲ ပြောပြော ဗိုလ်ချုပ်မှူးကြီးနဲ့ပတ်သက်လာရင် စိတ်ဝင်စားနေကြတာကတော့ အမှန် ပါပဲ။





















-

5 comments :

  1. Anonymous said... :

ွှအာဏာလွှဲပေးခဲ့တဲ့အတွက် တန်ပါတယ်။

  1. အဖေစု said... :

    မင်းတို့ ရဲ့ ဒိံ အဘကြိံးက အေးအေးဆေးဆေး အာဏလွှဲ ပေးတာကိုလဲ သတိရကြအုန်း။သူ တစ်ရက် ဆက်နေရင် တိုင်းပြည်အတွက် တစ်ရက် နစ်နာတာ လူတိုင်းသိတယ်,ဒါပေမဲ့ သူပြုတ်အောင်ဘယ်သူမှမလုပ်နိုင်ခဲ့ဘူး, အမေရိကန် တောင်ဒိံအတိုင်းကြည့်နေခဲ့ရတာဘဲမဟုတ်လား။အခုလိုတိုင်းပြည်အခြေအနေ က အိုဘားမား တောင်ခြေလာချရတဲ့အထိတိုးတက်လာတာဟာ တိုင်းပြည်ချမ်းသာလာဘို့ လမ်းစ ပါ။ဘာမဟုတ်တဲ့ဟာလောက်နဲ့ အခုလိုအချိန်မှာ ထောက်နေစရာမဟုတ်ပါဘူး။ ခေ တ်နောက်ကျနေတဲ့တိုင်းပြည် ကြိံးဎွားချမ်းသာဘို့ဘဲ အာရုံ ထားကြပါ။ ဒေါ်စု လဲ မြန်မာ နိုင်ငံ အမှန်ဆိုတာသိသိ ကြိံးနဲ့ ဗမာလုပ်နေတာလဲ ရပ်သင့်နေပါပြိံ။နောက်ပြန်ဆွဲမနေဘဲ တိုင်းပြည်ကြိံးပွားတိုးတက်ဘို့ ဝိုင်းဝန်းပူးပေါင်းကြပါ ရန်....။

  1. Anonymous said... :

    အောင်မလေး စားလို့ မ၀သေးဘူး ပြည်သူ့ ဖုတ်ကောင်ကြီးတွေ အရှက်ကိုမရှိဘူး မဓါရေစာတွေမြိုဆို့ နေတာ ထမင်းချက် ငါးရောက်ခန့် ထား ရအောင် ဖုတ်ဝင်နေကြတာပဲဖြစ်မယ် အောင်မလေးဖုတ်မျိုးတွေ

  1. Anonymous said... :

    မြန်မာပြည်ကို အင်္ဂလိပ်က တစ်နှစ်အတွင်း လွတ်လပ်ရေးပေးဖို့ ချုပ်ဆိုတဲ့ အောင်ဆန်းအက်တလီစာချုပ်၊ နုအက်တလီစာချုပ် လွတ်လပ်ရေးကြေငြာစာတမ်းတွေမှာ ဗမာလို့ပဲသုံးထားတာမို့ ဗမာနိုင်ငံပဲ တရားဝင် လွတ်လပ်ရေးရပါတယ်။ မြန်မာနိုင်ငံက တရားဝင် လွတ်လပ်ရေးရတဲ့ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာ မရှိတော့ အခုထိ အင်္ဂလိပ်က လွတ်လပ်ရေး မပေးသေးဘူးပေါ့။
    ဒေါ်စုက အင်္ဂလိပ်လို ပြောတဲ့အခါမှာ ဘားမားလို့သုံးတယ် မြန်မာလို ပြောတဲ့အခါ မြန်မာလူမျိုး၊ မြန်မာနိုင်ငံလို့သုံးတယ်.. အဲဒါ ဘာမှားလဲ။ ကျုပ်တို့လဲ ထိုင်းကို ယိုးဒယား၊ ချိုင်းနားကို တရုတ်၊ အိန္ဒိယကို ကုလား၊ လားအို့စ်ကို လော.. စသဖြင့် ပြောနေတာပဲ။ အင်္ဂလိပ်လို ဘားမား၊ မြန်မာလို မြန်မာ ဘာပြဿနာရှိလဲ။
    သမိုင်းမှတ်တမ်းတွေမှာ မွန်မြန်မာ စစ်ပွဲလို့သုံးတယ်။ မွန်ဗမာစစ်ပွဲလို့ မရှိဘူး။ မွန်လူမျိုးနဲ့ မြန်မာလူမျိုးစစ် ဖြစ်တာ။ အခုလိုဆိုရင် မြန်မာဆိုရင် မွန်ပါ.. ပါနေတာမို့ မွန်က..မွန်နဲ့ စစ်ပြန်တိုက်သလို ဖြစ်နေမှာပေါ့။ မြန်မာ့တပ်မတော် သမိုင်းမှာ ဘီဒီအေ၊ ဘီအိုင်အေ၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဒို့ဗမာအစည်းအရုံး စတာတွေအားလုံးဟာ တိုင်းရင်းသား ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတယ်ဆိုတာ သမိုင်းပညာရှင်အားလုံး လက်ခံထားကြတယ်။
    မြစေတီကျောက်စာမှာ မွန်စာ၊ မြန်မာစာ၊ ပျူစာ၊ ပါဌိစာလို့ ဘာသာလေးခုနဲ့ ပြဌာန်းထားတယ်။
    သမိုင်းပညာရှင်တွေက... မြန်မာလူမျိုးသီးသန့်ရဲ့စာမို့ မြန်မာစာလို့ သုံးထားတယ်။ ဗမာစာလို့ မသုံးဘူး။ မြန်မာစာ ဆိုတာ မြန်မာတိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့စာလို့ မဆိုလိုဘူး။ သမိုင်းကို ပြောင်းပြန်လှန်ချင်သူတွေ၊ မြန်မာနိုက်ဇေးရှင်း လုပ်လိုသူတွေက အမိန့်အာဏာနဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗမာပြည်ကို မြန်မာလူမျိုး အဓိက လုပ်ချင်တော့ မြန်မာနိုင်ငံဆိုပြီး လုပ်လိုက်ကြတယ်။ ဗမာနိုင်ငံ မြန်မာလူမျိုး.. ကနေ မြန်မာနိုင်ငံ ဗမာလူမျိုး ဖြစ်ကရော။
    ဟစ်တလာ၊ မူဆိုလီနီ၊ ဆပ်ဒမ်ဟူစိန်၊ ကဒါဖီ စတဲ့ ကမ္ဘာ့စစ်အာဏာရှင်တွေ ဘ၀ဇာတ်သိမ်းမှာ ကာယကံရှင် တစ်ယောက်တည်းတောင်မဟုတ်ပါဘူး တစ်ဆွေလုံးတစ်မျိုးလုံး၊ တစ်မိသားစုလုံး ဘယ်လို အသေဆိုးတွေနဲ့ အဆုံးသတ်တယ်ဆိုတာ မင်းအဘကြီးက မင်းထက်ပိုသိပါတယ်ကွာ။

  1. Anonymous said... :

    အရင်ကတည်းကလည်း ဒင်းတို့တွေနိုင်ငံတော်စရိတ်နဲ့စားနေ သောက်နေ သွားနေ လာနေ သုံးစွဲနေ နိုင်ငံခြားမှာ မြေတွေဝယ်နေ၊ ဆိုင်တွေဖွင့်ရောင်းနေတာပဲမဟုတ်ဘူးလား။ အထူးအဆန်းလုပ်လို့။ ဟိုးအရင် ပြည်ထောင်စုနေ့မြင်းကွင်းကပြပွဲတွေမှာ မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းတုံးကြီးတွေ။ ပတ္တမြားတုံးကြီးတွေလည်း ဒီလိုပဲပျောက်နေတာပဲမဟုတ်ဘူးလား။ ထူးဆန်းစွာလွှတ်တော်တင်ပြနေစရာမလိုပါဘူး။ မြန်မာပြည်အတွက် ဒါမျိုးတွေက ရိုး ဟိုးဟိုးနေဘီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved