ဂျပန်-မြန်မာ ယဉ်ကျေးမှု ဘယ်လို ဖလှယ်ကြမလဲ

Sunday, November 25, 2012



ဂျပန်- မြန်မာ ယဉ်ကျေးမှု ဖလှယ်ပွဲ အစီအစဉ် အဖြစ် တေးဂီတ ဧည့်ခံ ဖျော်ဖြေပွဲတစ်ခုကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ တိုကျိုမြို့  IKEBUKURO KUMIN CENTER THEATRE 6 F မှာ ညနေ ၆နာရီမှ ၉ နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်။ 

အဆိုပါ ဧည့်ခံ ဖျော်ဖြေပွဲမှာ ဂျပန်ကို ရောက်နေတဲ့ စန္ဒယားတင်ဝင်းလှိုင်နဲ့အဖွဲ့ရဲ့ တေးသီချင်း ဖျော်ဖြေ မှုတွေ အပြင် ဂျပန်မှ အနုပညာရှင်များ ပါဝင်တင်ဆက်မည်ဖြစ်ပြီး မင်္ဂလာဒိုး အနုပညာ အင်အားစုမှ တွဲဖက် အားဖြည့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ 

အဆိုပါ ဂျပန်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ပွဲ အစီအစဉ်ထဲမှာ မြန်မာ သံစဉ် စစ်စစ် တေးသီးချင်းတွေကို ကာရာအိုကေ တေးဆို ပြိုင်ပွဲကျင်းပပြုလုပ်ပေးမှာဖြစ်တာကြောင့် စန္ဒယား တင်ဝင်းလှိုင်က ကြီးကြပ်၊ အကဲဖြတ်၍ ဆုများ ရွေးချယ် ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိပါတယ်။ 

စန္ဒယား တင်ဝင်းလှိုင်သည် နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ၀င်းဦး ထံမှ ငယ်စဉ်ကတည်းက ပညာ သင်ကြားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved