တင်ချင်းဆက် အမွှာ ခွဲစိတ်မှု မှတ်တမ်း

Monday, November 26, 2012

မန်းသားလေး ~

မြန်မာနိုင်ငံတွင် ပထမဆုံး တင်ချင်းဆက် အမွှာညီအစ်ကိုအား ခွဲစိတ်မှုကို မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ဆေးရုံကြီးမှာ ယနေ့နံနက် ၇ နာရီတွင် စတင်ခွဲစိတ်မှုများ ပြုလုပ်လျက် ရှိပါတယ်။ 



တင်ချင်းဆက် အမွှာညီအစ်ကိုမှာ မောင်အောင်ခန့်ကျော်နှင့် မောင်အောင်မြတ်ကျော်တို့ ဖြစ်ပြီး မိဘများမှာ ဦးဝင်းတိုးနှင့် ဒေါ်မြသန္တာတို့ ဖြစ်ပါတယ်။ ဇာတိမှာ စစ်ကိုင်းတိုင်း မင်းကွန်းဒေသ အနီးရှိ ထုံးဘိုကျေးရွာ ဖြစ်ပါတယ်။ 

၁၅ ရက် ၅လ ၂၀၁၁ ခုနှစ် မန္တလေးမြို့ အေးသုခဆေးရုံတွင် မွေးဖွားခဲ့စဉ် တင်ချင်းဆက်အမွှာ မွေးဖွား သည့် အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး တင်ချင်းဆက် အမွှာအဖြစ် ကုတင် ၃၀၀ ဆံ့ ဆေးရုံတွင် အထူးကြပ်မတ် ကုသခဲ့ကြောင်း သိရပါတယ်။ 

ယင်းမှ နိုဝင်ဘာလ ၂၆ရက်နေ့ နံနက် ၇ နာရီ စတင်ပြီး ကုတင် ၅၅၀ ဆံ့ ဆေးရုံကြီးတွင် ခွဲစိတ်ကုသလျှက် ရှိပါတယ်။ ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ၁၀ ဦးနှင့် မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီး ၉ ဦး ကြီးကြပ်ခွဲစိတ်လျက် ရှိပါတယ်။ ခွဲစိတ်ချိန်မှာ အနည်းဆုံး ၁၀ နာရီကျော် ကြာမြင့်မည်လို့ သိရပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved