ကနေဒါ ၀န်ကြီး ရွှေည၀ါ ဆရာတော်နှင့် တွေ့ဆုံရန် ရှိ
Thursday, November 8, 2012
  သာဓုကန်ကျောင်းတိုက်ကနေ ထွက်ခွာပေးမယ်လို့ ကတိပြုကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက လက်မှတ်ထိုးတဲ့ နေ့က မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ကနေဒါ နိုင်ငံရဲ့  လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံသားနှင့် ဗဟု ယဉ်ကျေးမှုဝန်ကြီး Jason Kenney ဟာ မြန်မာနိုင်ငံက ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်တဲ့ ရွှေည၀ါ ဆရာတော်နဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ 
-
ဝန်ကြီး Jason Kenney , ဓာတ်ပုံ- canada.com 
ယမန်နှစ်ကလည်း ၀န်ကြီး ဂျေဆန် ကင်နေဟာ ကနေဒါ နိုင်ငံ တိုရန်တိုမြို့က မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကိုလည်း လာရောက်လည်ပတ်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း 
တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူလည်းဖြစ်ပါတယ်။ 
ရွှေည၀ါဆရာတော် ဦးပညာသီဟ ဟာ သာဓု စာသင်တိုက် တည်ထောက်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း တရားဟောခွင့် ပိတ်ပင်ခံခဲ့ရပြီး နောက်ဆုံး ကြည့်မြင်တိုင်မြို့နယ်က သာဓု ကျောင်းတိုက်ကနေ စွန့်ခွာခဲ့ရပါတယ်။ 
မှော်ဘီမှ တဲကျောင်းလေးနဲ့ သတင်းသုံးနေထိုင်ရင်း အမေရိကန်ပြည်ထောင်စုကို မကြာခင်က ကြွရောက်သွားတာလည်းဖြစ်ပါတယ်။ 
Minister Jason Kenney to meet with prominent Buddhist monk Information 
released by Canadian Friends of Burma – Nov. 8, 2012 
OTTAWA – Honorable Jason Kenney, Minister of Immigration, Citizenship and Multiculturalism, is scheduled to meet with Shwe Nya-Wa Sayadaw, a prominent Burmese Buddhist monk today in Toronto, Canada. 
The prominent Burmese Buddhist monk who has a great track record of teaching more than 1,000 monks in Rangoon Buddhist University is currently visiting Canada at the invitation of Burmese Diaspora community and Buddhist community leaders. 
 U Pinnyasiha, better known as Shwe Nya-Wa Sayadaw, is the abbot of the Sadhu Pariyatti Monastery, and was evicted from his monastery in February 2012 by the State Sangha Maha Nayaka Committee for alleged disobedience, by holding a sermon at the Mandalay office of the National League for Democracy (NLD), where he had publicly called for the release of political prisoners and the end of ongoing civil war. 
He has met many world leaders recently, including Secretary of State Hilary Clinton. He will discuss with Minister Jason Kenney on the situation in Burma. 
Minister Jason Kenney, a staunch supporter for Burmese democracy movement, also visited to the Burmese Buddhist Temple in Toronto on May 6th of this year. 
 For further inquiry, 
contact: 
Htun Htun Oo  at 416-564-2952, 
Vijay Sappani  at 416-716-1522, or 
Tin Maung Htoo  at 613-297-6835
1 comments :
  1. Anonymous said... :
    မြန်မာသံဃာတော်များ ပြည်ပရောက်စဉ် သတင်းမီဒီယာများ၌ ကွမ်းဝါးနေပုံမြင်ရသည်မှာ လွန်စွာ အရုပ်ဆိုးလှပါသည်။
    ကွမ်းဝါးထားသော ပါးစပ်ကြီးကို ဟ ပြီး စကားပြောသည်ကို အလွန်ရွံရှာစက်ဆုပ်ကြောင်း နိုင်ငံခြားသားများက ပြောပါသည်။
    မိမိပြောစကား အောင်မြင်ပြီး အရောရောက်ဘို့ ခံတွင်းနှင့် သွားများ သန့်ရှင်းမှုသည် အရေးပါသောကြောင့် အထူးသဖြင့် သံဃာတော်များ ကွမ်းဝါးခြင်းကို ဆင်ခြင်သင့်ကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved