ဦးသိန်းစိန် ထိုင်းနိုင်ငံကို လာပြီး ဘာတွေ ဆွေးနွေးကြမလဲ

Monday, November 5, 2012

နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် တွေ့ရသည့် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် (ဓာတ်ပုံ – Yingluck Shinawatra / Facebook)

သမ္မတ ဦးသိန်းစိန် ဟာ  ထိုင်းနိုင်ငံကို လာမယ့် ဗုဒ္ဓဟူးနေ့ မှ စတင်ပြီး ၂ ရက်ကြာ ခရီးစဉ်အဖြစ် လာဖို့ ရှိပါတယ်။ 

ဒီခရီးစဉ်အတွင်းမှာ ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ်ကိုင်ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ် နှံမယ့် တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မျှော်လင့်ရတယ်လို့  ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်၌ ဖော်ပြထားပါတယ်။ 

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ပတ်သက်ပြီး ထိုင်းလုပ်ငန်းရှင်တွေက အလွန်စိတ်ဝင်စားနေကြတာ ပါ။  ၀န်ကြီးချုပ် မစ္စ ယင်လပ်အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ လွန်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာလည်း ဒီကိစ္စ သဘောတူမှုတွေ ရခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြခဲ့ဖူးပါတယ်။ 

လွန်ခဲ့တဲ့ ဇူလိုင်လက ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ လန်ချာဘန်ရှိ ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို သွားရောက်လေ့လာခဲ့တဲ့ အပြင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ၃ ခု ထိုးခဲ့ပါတယ်။


အခု ဆွေးနွေးမယ့်လက္ခဏာကတော့ စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိပ် ဆွေးနွေးသွားကြဖို့ ရှိမယ့်ပုံပါ။

သမ္မတ ဦးသိန်းစိန်ဟာ လာအိုနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ASEM ဆွေးနွေးပွဲကို တက်ရောက်နေတာဖြစ် ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved