အိုဘားမား မိန့်ခွန်းအပေါ် မိုးသီးဇွန်ရဲ့ အမြင်

Wednesday, November 21, 2012

မိုးသီးဇွန်၊ ဓာတ်ပုံ- မိုးသီးဇွန်

အိုဘားမား မိန့်ခွန်းကို ကြည့်ရင် သုံးပိုင်းရှိတယ်။ တပိုင်းက မြန်မာ လူထု၊ အစိုးရ၊ စစ်တပ်နဲ့  မဟာဗမာ လူမျိုးရေးဝါဒီ တွေကိုရည်ညွန်းတယ်။ 

နှစ် က အမေရိကန် က မြန်မာ ကို ဘာတွေ ကူညီမယ်ဆိုတာ သုံးက ဒီဒေသမှာ ရှိတဲ့ ပါဝါ ( Regional Power ) တွေအပေါ်အမေရိကန် ရဲ့ သဘောထား။ 

အပိုင်း ၁ မှ လူထု ကို သူစာနာတယ်။ အသိမှတ်ပြုတယ်။ ဆက်အားပေးမယ်ဆိုတာကိုပြောတယ်။ အစိုးရ ကို အပြောင်းလဲလုပ်တာ ကြိုဆိုတယ်။ အသိမှတ်ပြုတယ်။ ဒါကြောင့် သူလာလည်တယ်။ 

စစ်တပ်ကိုတော့ နိင်ငံရေး နဲ့ ဝေးဝေးနေဖို့ ၊ နိင်ငံရေးမှာဝင်ရောက်မစွက်ဖက်ဖို့ သူသတိပေးတယ်။ Professional Army ဖြစ်လာရေးအတွက် အမေရိကန် က ကူညီပေးမယ်ဆိုတာကို ကမ်းလှမ်းတယ်။ မဟာဗမာအမျိုးသားရေးဝါဒီတွေကိုတော့ Diversity မတူကွဲပြားနေမှုကိုလက်ခံဖို့ ၊ တနည်းပြောရရင် အမေရိကန် ကျင့်သုံးနေတဲ့ ဖယ်ဒရယ်စနစ်ကိုကျင့်သုံးဖို့ တိုက်တွန်းတယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသား 
ပေါင်းစုံရှိတဲ့ နိင်ငံဟာ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးဖို့ လိုတယ် မတူကွဲပြားခြားနားမှုတွေက ပြဿနာ မဟုတ်ဘူး။ အင်အားတရပ်ဖြစ်တယ်ဆိုတာကိုအကြံပြုတယ်။ 

အပိုင်း ၂ မှာ အမေရိကန် ပိတ်ဆို့ မှုလျောချလိုက်တာ၊ရင်းနှီးမြှပ်နှံမှုတွေကို ဆက်ပေးမယ်ဆိုတာပါတယ်။ USAID ကို ရည်ညွန်းတဲ့အတွက် ပညာရေးနဲ့ကျမာရေးဟာဦးစားပေး အကူညီတွေဖြစ်လာနိင်တယ်။ ရန်ကုန် တက္ကသိုလ်ကို ရည်ညွန်းမှုလုပ်တာကိုက မြန်မာပြည်ပြန်လည်ထူတောင်ရေးမှာ ပညာရေး ကို ပြန်လည်ထူထောင်မှရမယ်ဆိုတာကို သူမြင်နေတယ်။ 

( မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် အလိုအပ်ဆုံးအရာနှစ်ခု ကတော့ ပညာရေးနဲ့ လယ်ယာမြေဖြစ်ပါတယ်။ ) 

အပိုင်း ၃ မှာတော့ အမေရိကန် ဟာ တရုပ်ပြည်တိုးတက်လာတာကို အကောင်းမြင်တယ်။ တရုပ် နဲ့ငြိမ်းချမ်းစွာ အတူ လက်တွဲပြီး နိင်ငံတကာ ဖွင့်ဖြိုးရေးနဲ လုံခြုံရေးကို ဆောင်ရွက်မယ်ဆိုတာ ကို ပြောသွားပါတယ်။ 

အိန္ဒိယကိုလဲအလားတူသဘောထားတယ်။ မြောက်ကိုးရီးယားကိုတော့ နယူကလီးယား ကိုစွန့်လွတ်ဖို့  တိုက်တွန်းတယ်။ 

( တရုပ် ဟာ ဒေသအတွင်းမှာစစ်ရေး စီပွားရေးလွမ်းမိုးဖို့  ရည်မှန်းချက်ရှိလာတာကို အမေရိကန် က သိတယ်။ အရှေ့ အာရှနဲ့ အရှေတောင်အာရှတွေမှာ ပြင်ဆင်မှုတွေလုပ်လာတယ်။ ဒီ ပြင်ဆင်မှု မှာ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နဲ့တို်င်ဝမ်တို့ နဲ့ တွဲထွက်မယ်။ ဒီပြိုင်ဆိုင်မှုမှာ မြန်မာကို သိပ် မထည့်ထွက်သေးပါ။ တရုပ်ကမ်းရိုးတန်းတွေကို တိုက်ခိုက်ဖို့အတွက် မြန်မာဟာ အချက်အခြာမကျပါ။ တကယ်လို့ ဒီဒေသတွင်းမှာ ပြိုင်ဆိုင်မှုရှိလာရင်လဲမြန်မာဟာ အမေရိကန်ဖက်က ရပ်တည်သင့်တယ်။ ဘာဖြစ်လိုလဲဆိုတော့ တရုပ်ကွန်မြူနစ်ပါတီဟာ အရှည် တည်တံ့နိင်မလားဆိုတာ မေးခွန်း 
မေးစရာ ရှိနေတယ်။ ) 

အထွေထွေ 

သူမိန့်ခွန်းမှာ ပထမ ပိုင်းမှာ Burma လို့ တခါသုံးတယ်။ ဒါက ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေး ရပြီး ကာလ အထိကိုပဲရည်ညွန်းတယ်။ နောက်ပိုင်းတွေမှာ Burma လို့ လဲမသုံးဘူး။ Myanmar လို့ လဲမသုံးဘူး။ This country လို့ သုံးစွဲတယ်။ ဒါက နှစ်ဖက်ကို ကျေနပ်တဲ့ အနေထားတရပ်ကို ဖန်တီးခဲ့တယ်။ 

ဒေါ်စုနာမည်ကို ၃ ခါ သုံးစွဲပြီး။ ဦးသိန်းစိန် ကို ၁ ခါသုံးစွဲတယ်။ ရခိုင် ကိုတခါ၊ ရိုဟင်ဂျာကို တခါ သုံးစွဲသွား တယ်။ နှစ်ဖက်စလုံးကို စာနာမှုသူပြသခဲ့တယ်။ အကြမ်းဖက်မှုတွေကို ဆန်ကျင်ပြီး ငြိမ်းချမ်းရေးကို သူ တိုက်တွန်းတယ်။ 

သူမိန့်ခွန်း တခုလုံးကို ခြုံကြည့်ရင် Democracy 101 ကို သူရှင်းပြသွားခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံမှု ကို လေးနက်စွာသဘောပေါက်စေချင်တယ်။ ဒီမိုကရေစီ စနစ်မှာ လိုခြင်တာခြည်းပဲမရ ဘူး မလိုခြင်တာကိုလဲ လက်ခံပေးရတဲ့ သဘောကို သူဆိုလိုတယ်။ 

( ကိုယ်လိုခြင်တာခြည်းပဲလိုခြင်ရင် Perfect State လိုခြင်ရင် တော့ ကမ္ဘာမှာမရှိသေးတဲ့သဘောပါ။ )

7 comments :

  1. Anonymous said... :

    မင်းကိုယ်မင်း..၀ါ၇င့်နှိုင်ငံေ၇းသမားကြီးလိုလို...ဘာလိုလိုနဲ့...သွေးကြောင်ပြီးထွက်ပြေးပြီးမှ....ပြန်လာပြီး...အိုဘားမားရဲ့မိန့်ခွန်းအပေါ်...ထင်မြင်ချက်တွေလျှောက်ပေးနေတယ်...ဒီနေ့အထီမြန်မာပြည်အတွက်...အနစ်နာခံပြီး...ဘာတခုမှမလုပ်သေးဘဲ..လူများအထင်ကြီးမလားဆိုပြီ...လုပ်ပြမနေပါနဲ့ကွာ...အေးအေးဆေးဆေး..ပါးစပ်ပိတ်ပြီ..တန်၇ာတန်၇ာနေပါညီလေးေ၇

  1. Anonymous said... :

    ကို မိုး သီး ဇွန် ကိုကျေး ဇူး တင်ပါ တယ် ခု လို ရှင်း ပြပေး တဲ့ အတွက် ပါ ။ ဒါပေမယ့် ၁ ခု တော့  ပြော ချင် တယ်။ အများ ကောင်း စား ဖို့  လု ပ်နေတဲ့  လူ တွေ အား လုံး နိုင်ငံ နဲ့  လူ မျိုး ကောင်း စား ဖို့  လုပ် နေ တဲ့  လူ တွေ တော်တော်များ များ က မနေ့  တ နေ့  က မှ ထောင်က လွတ် လာ ကြတာ ပါ ခင် ဗျား လို စိတ်ဓါတ် မျိုး နဲ့  အဲ့  နိုင်ငံ တွေ မှာ ပဲ နေပြီး ဘေး က နေပဲ ပြော ချင်ရာ ပြော ပါ ပြန်တော့  မလာ ခဲ့  ပါ နဲ့ ။ ရှက်တတ် ရင်ပေါ့ ဗျာ ပြည်သူ တွေ ခင် ဗျား အပေါ် ဘယ် လို စိတ် ဓါတ် ရှိတယ် ဆိုတာ သိ ရင် ပေါ့ ။ ကျေး ဇူး တင်ပါ တယ် ။ ကျွန် တော့  comment လေး ကို တင် ပေး စေချင် ပါ တယ်။ ဖြစ်နိုင် ရင် ပေါ့ ။ ရိုင်း ရိုင်း စိုင်း စိုင်း လဲ ရေး မထား ပါ ဘူး နော်။

  1. Anti Blind-patriot said... :

    Mr/Ms Anonymous!! how far do u know about politics?? do u know as much as Ko Moe Thee Zon know?? I don't see any arrogance or overacting on his comments about Mr Obama's speech. wake up please!!

  1. Unknown said... :

    I absolutely agree with Ko moe Thee.In democracy you have to tolerate criticism and recognize others rights.To develop the country you must have to be united.Discrimination is the main weakness for the development.

  1. Anonymous said... :

    အထက်က anonymous ၂ယောက်လိုလူ အများကြိးရှိနေသ၍ ဗမာပြည်စစ်ကျွန်ဘဝက လွတ်ဖို့လမ်းမမြင်ဘူး အတိုက်အခံတော်လှန်သမားအချင်းချင်း သူသာကိုယ်သာငြင်း နေရမယ့်အချိန်မပာုတ်တော့ဘူး ဘုံရန်သူကိုအတူပေါင်းတိုက်မှလွတ်လပ်နိုင်မယ်ဆိုတာ နားလည်ထားပါ

  1. Anonymous said... :

    အပေါ်က ကလေးတွေလည်း ပြောပါစေကွာ။ ဘုံရန်သူဆိုတာ သူတို့ က ဗုံကို ကိုက်တဲ့ ကြွက်မှတ်နေတာ။

  1. Thu said... :

    Ko Moe Thee, Thanks for clear reviewed on Obama's speech, that covers it all.
    But, please mind on your openess and emotional behaviour when interface with crowds (i.e. jump on car's roof at Mingalardon airport)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved