နယ်စပ်မှာ တွေ့ရတဲ့ မြန်မာမယ်ရွေးပွဲ

Wednesday, November 28, 2012




~


ပြည်တော်မြင့် ~

ယမန်နေ့ညက မဲဆောက်ရှိ ချစ်ကြည်ရေးတံတားအနီး ကျင်းပသော  မြန်မာမယ်ရွေးပွဲတွင် မြ၀တီခရိုင်မှ အလှမယ် ၁၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုင်း-မြန်မာချစ်ကြည်ရေး လွိုင်းကထုံးမီးမျှောပွဲနှင့်တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ထိုသို့ ကျင်းပခြင်း ဖြစ်ပြီး အောက်ပါအတိုင်း ဆုရရှိသွားကြသည်။

မနှင်းနန္ဒာအေး  - ပထမ
မစန္ဒာမြတ်စုခန့် - ဒုတိယ
မချောစုလှိုင် - တတိယ

 ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတို့က ဆုရသူများကို  သရဖူ၊စလွယ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲကျင်းပပေးသည့် ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပယ်ဥက္ကဋ္ဌ နိုင်စံမလွေးဝိရိယက  "အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ ထာဝရချစ်ကြည်ရေး ခိုင်မြဲဘို့အတွက် ဒီချစ်ကြည်ရေးပွဲကို ကျင်းပရတယ်ဖြစ်တယ်" ဟုဧရာဝတီသတင်းဌာနကို သီးသန့် ပြောကြားခဲ့သည်။



































-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved