ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး

Sunday, November 11, 2012

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ ဓာတ်ပုံ- oxywise.com
 ဒေါက်တာစိုး 

အမေစုက လွှတ်တော်မှာ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့ အဆိုတင်သွင်းတာ အောင်မြင် သွားပြီတဲ့… ၀မ်းသားပါတယ် အမေ… ဒါက ဖြစ်သင့်နေတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါ… 

အမေစုက သူဆေးရုံမှာ လူနာသွားကြည့်တုန်းက မြင်တာတွေကို ပြောသွားတယ်… အမှန်တကယ် လိုအပ်တာတွေကို ထောက်ပြသွားတယ်… ဆရာဝန်တွေက စေတနာအပြည့်အ၀နဲ့ ကုသပေးနေတယ်… ဒါပေမယ့် လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာတွေကတော့ လူနာတွေ အကုန်ယူလာရတယ်ဆိုတာလေးပါ ထည့်ပြောပေးသွားတာလည်း အခုလက်ရှိ မီဒီယာတွေရဲ့ ကောင်းမှုနဲ့ လူနာရှင်တွေရဲ့ အင်မတိ အင်မ တန် နွေးထွေးတဲ့ ဆက်ဆံရေးကို ခံနေရတဲ့ အစိုးရဆေးရုံတွေက ဆရာဝန်တွေအားလုံး အားလုံးရဲ့ ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်… 

ဒါပေမယ့် အမေစု မသိသေးတာတွေရှိသေးတယ်… အမေစုအပြင် မသိသေးတဲ့ လူတွေအားလုံးကို ကျွန်တော်ပြောပြချင်တာလေးတွေ ရှိပါတယ်… အမေစုက တိုင်းသိပြည်သိ ကမ္ဘာသိ လူတစ်ယောက် ဆိုတော့ အမေစုလာပြီဆိုတာကို ဆေးရုံကြီးနဲ့မဆိုင်တဲ့ အပြင်ကလူတွေကအစ သတိထားမိမှာ အသေအချာပါပဲ… 

ဒီတော့ အမေစုက သာမာန်လူတွေ ကြုံတွေနေရတဲ့ ဆေးရုံကြီးရဲ့ ၀င်းတံခါးမှာတစ်ခါ… ဆေးရုံကြီးအောက် ထပ်က ဂိတ်ပေါက်မှာ တစ်ခါ… လူနာဆောင် ၀င်ပေါက်မှာတစ်ခါ ဆေးရုံဝန်ထမ်းတွေရဲ့ အင်မတန် နွေး 
ထွေးတဲ့ ကြိုဆိုမှု တွေကို အလိုလိုလေး ကျော်ဖြတ်ပြီးသား ဖြစ်သွားပြီပေါ့ဗျာ… 

သာမာန်လူတစ်ဦး ဆေးရုံကြီးကိုလာပြီဆိုရင် ၀င်းတံခါး အ၀င်ပေါက်မှာက ၅၀ိ- ဆေးရုံကြီးအောက်ထပ်မှာ က ၅၀ိ- ကြုံရင်ကြုံသလိုလေး ပေးရပါတယ်… ဆိုလိုတာကမကြုံရင် မပေးရဘူးပေါ့ဗျာ… လူနာဆောင် ၀င်ပေါက်မှာကတော့ အခြေအနေတွေက ခုနက နေရာ ၂ ခုနဲ့ လုံးဝမတူတော့ပါဘူး… လူနာဆောင်ထဲက အခြေအနေပေါ်မူတည်ပြီးတစ်မျိုး… ဧည့်တွေ့ချိန်ပေါ်မူတည်ပြီးတစ်ဖုံ… လာတွေတဲ့ လူဦးရေပေါ်မှာ တစ်သွယ်… ကြုံကြုံ မကြုံကြုံ ပိုက်ဆံတောင်းပါတယ်… ပိုက်ဆံမပေးရင် မ၀င်ရပါဘူး… ကံမကောင်းရင် အလုပ်သမား အဟောက်တောင်ခံရပါသေးတယ်… 

ဒီတော့ ရန်ကုန် ဆေးရုံကြီးမှာ လူနာသွားကြည့်မယ်ဆိုရင် အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ် အပြည့် ဟန်အပြည့်ရှိရပါတယ်… ကိုယ့်ပုံစံက ကြောက်သလိုရွံ့သလို ဖြစ်နေရင်တော့ သေချာပါတယ်… အဟောက်ခံ အဆဲခံ အပြောခံရမှာပါပဲ… 

ဒါက ဆေးရုံကြီးရဲ့ လူနာဆောင်တွေ ဘယ်မှာရှိတယ်… ဘယ်လိုသွားရမယ်ဆိုတာကို သေချာသိတဲ့ လူတွေရဲ့ အခြေအနေလေးပါ… တကယ်လို့ လူနာဆောင်တွေ ဘယ်မှာရှိလဲ မသိတဲ့လူဆိုရင်တော့ လမ်းညွှန်ခလေးပါ အပိုထပ်ပြီး ပေးရပါတယ်… ဗမာလူမျိုး အလုပ်သမားဆိုရင်တော့ ၂၀၀ိ- ပေးရပြီး ဗမာမဟုတ်တဲ့ အလုပ်သမားဆိုရင်တော့ ၅၀၀ိ-ပါ… မပေးချင်ဘူးဆိုရင်တော့ သူတို့ ရဲ့ ပေါက်ကရ လမ်းပြပေးတာကို သွားရင်းသွားရင်းနဲ့ပဲ အချိန်တွေကုန်ပြီး လူနာဆောင် ရှာလို့မတွေ့တာနဲ့ပဲ ပိုက်ဆံပေးပြီး လိုက်ပို့ပေးခိုင်းရတဲ့ အဖြစ်ကိုရောက်ပါတယ်… အလုပ်သမားနဲ့ မတွေ့ပဲ တစ်ခြားသဘောကောင်းတဲ့ လူမျိုးတွေနဲ့ တွေ့ခဲ့ရင်တော့ ဒါဟာ ကံကောင်းတဲ့ အခြေအနေပါ… 

ဒီပြဿနာကလည်း ဆေးရုံကြီးမှာ Information Centre (သို့) Inquiry လို့ခေါ်တဲ့ အလွယ်တကူ သိချင်တာကို မေးလို့မြန်းလို့ရတဲ့ နေရာမထားပေးလို့ဖြစ်တာပါ… 

အမေစုကတော့ ဒီအခြေအနေကို မကြုံလိုက်ရပါဘူး… ဒါကလည်း အမေစုကိုးဗျ… 


 အောက်တိုဘာလ ၄ ရက်နေ့က မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဧရာဝတီ

အခုရေးသွားတာတွေ က လူနာသတင်းလာမေးသူတွေနဲ့ လူနာစောင့်တွေ နေ့တိုင်းနေ့တိုင်း ကြုံတွေ့နေ ရတဲ့ အခြေအနေပါ… လူနာစောင့်တွေ လူနာတွေကြုံတွေ့ရတဲ့ နောက်ထပ်အခြေအနေတွေ ရှိပါသေး တယ်… 

အဲဒါကတော့ Wheel Chair (လူနာတင် တွန်းလှည်း) (သို့) Trolley (လူနာတင် တွန်းကုတင်) နဲ့ သွားရတဲ့ အချိန်အခါမျိုးတွေပါ… ပြင်ပလူနာဌာနကနေ လူနာဆောင်ကို လူနာကိုရွှေ့ရတော့မယ်ဆိုရင် ဆေးရုံက အလုပ်သမားကို ပိုက်ဆံပေးရပါတယ်…

နောက် ဓါတ်မှန်၊ တီဗွီဓါတ်မှန် (Ultrasound)၊ Specialist Ward Show (အထူးကုဆောင် ဆရာဝန် သွားပြခြင်း)၊ လူနာဆောင်ပြောင်း အစရှိသဖြင့် လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လူနာဆောင် ထဲကနေ ပြင်ပကိုသွားရတဲ့ ကိစ္စတွေပါ… 

အလုပ်သမားတွေကို ပိုက်ဆံပေးပါတယ်ဆိုလည်းပဲ တွန်းပုံတွန်းနည်းက ကွာပါသေးတယ်… ရိုးရိုးလား၊ ပုံမှန်လား၊ ရှယ်လား၊ စပါယ်ရှယ်လား ဆိုပြီး ကွာပါတယ်… ရိုးရိုးက ၂၀၀ိ- ပုံမှန်က ၅၀၀ိ- ရှယ်က ၁၀၀၀ိ- စပါယ်ရှယ်က ၁၅၀၀ိ- ပါ… ဒါကသူတို့ တာဝန်ပဲလေ ပိုက်ဆံမပေးပါဘူးဆိုတဲ့ လူနာကတော့ Wheel Chair နဲ့ဆိုရင် ပြုတ်ကျမသွားအောင် ကိုင်ထားပေးတော့… Trolley ဆိုရင်တော့ ဘေးကပါလာတဲ့ လူနာစောင့်က မနည်းလိုက်ထိန်းရင်ထိန်း မဟုတ်ရင်လည်း ဘုရားစာတွေ အကုန်ရွတ်တတ်ဖို့လိုပါလိမ့်မယ်… လူနာပြုတ် ကျ မသွားအောင်ပါ… Special ဆိုရင်တော့ လူနာက သိန်းထောင်ကျော်တန် မော်တော်ကား စီးနေရတဲ့ အတိုင်း အသေအချာ သူတို့တွန်းပို့ပေးပါတယ်…

နောက် လူနာက သွေးသွင်းဖို့လိုလို့ သွေးဘဏ်မှာ သွားယူရတဲ့ အခါမျိုး၊ ဖောက်ထားတဲ့ သွေးကို ဓါတ်ခွဲခန်းကို သွားပို့ရတဲ့ အခါမျိုး၊ လူနာမှတ်တမ်းကို တစ်ခြားအဆောင်ကို သွားပို့ရတဲ့ အခါမျိုးတွေမှာ လည်း သူတို့ကို ပိုက်ဆံပေးရပါတယ်… ဒါကို အမေစုသွားတွေ့တဲ့ လူနာက အမေစုကို ထည့်ပြောပေး လိုက်ပုံမရပါဘူး… ဒါမှမဟုတ် အမေစုက တစ်ခြား အရေးကြီးတာတွေကို ပြောချင်လို့ တမင်ထည့်မပြော တာလည်း ဖြစ်မှာပါ… အမေစုကို အပြစ်ပြောခြင်းမဟုတ်ပါ… 

ကျွန်တော့်အမြင်ကိုသာ ရေးခြင်းပါ… ပြောပါဦးမယ် သူတို့ ဗမာလူမျိုး မဟုတ်တဲ့ အလုပ်သမားတွေ ဘယ်လောက် အထိ အသည်းမာနိုင်သလဲဆိုရင် နာဂစ်ဖြစ်တုန်းက ရန်ကုန် ဆေးရုံကြီးမှာ ဓါတ်လှေကား
တွေ ပျက်သွားတာကြောင့် လူနာတွေကို သူတို့က ထမ်းတင်ပေးရပါတယ်… ပထမထပ်ဆို ၅၀၀၀ိ- ဒုတိယထပ်ဆို ၈၀၀၀ိ- ပေးရပါတယ်… မပေးနိုင်တဲ့လူနာတွေဆို လှေကားရင်းမှာပဲ ဒီအတိုင်း ချထားလိုက် ပါတယ်… လူနာစောင့်ကလည်း ပါလာတာကမှ ၂ ယောက်ဆိုတော့ ဘယ်လိုမှ ထမ်းမတင်နိုင်ပါဘူး… 

အမြင်မတော်တာကမှ တော်တော်ကြီးကိုဆိုးရွားတာပါ… ဆရာဝန်ကြီးတွေလာလို့ ဆူခံ ဆဲခံရမှ မသယ်ချင် သယ်ချင်နဲ့ သယ်ပေးပါတယ်… ဒါကလည်း ဆရာဝန်ကြီးတွေ ရှိတုန်းခဏပါ… နောက်တော့လည်း လူနာတွေက လှေကားရင်းမှာ ပြန်ပုံလာပြန်တာပါပဲ… လက်ထောက်ဆရာဝန်တို့ အလုပ်သင် ဆရာဝန်တို့ ဆိုတာ သူတို့မျက်လုံးထဲရှိတာ မဟုတ်တော့ သွားပြောရင် သူတို့ရဲ့ ဘုကြည့်ပြန်ကြည့်ခံရတာပဲ အဖတ် တင်ပါတယ်… အခြေအနေမကောင်းရင် ပြန်အဟောက်တောင် ခံရပါသေးတယ်… 

ဒီနေရာမှာ ဗမာမဟုတ်တဲ့ လူမျိုးလို့ ကျွန်တော်သုံးရတာ ရန်ကုန်ဆေးရုံကြီးမှာ ဗမာအလုပ်သမားဦးရေက အင်မတန်နည်းတဲ့အတွက်က တစ်ကြောင်း… (ပြောမယ်ဆိုရင် မရှိသလောက်ပါပဲ)… နောက် “က” နဲ့ “လ” အက္ခရာစာလုံးကို သုံးပြန်ရင်လည်း သုံးပါတယ်ဆိုပြီး ဖြစ်နေကျမှာစိုးတာတစ်ကြောင်းမို့ပါ… တစ်ခြား လူမျိုးရေးခွဲခြားချင်လို့ ဘာကြောင့်မို့ ညာကြောင့်မို့ မဟုတ်ပါဘူး… 

ကျွန်တော်ဒါတွေသိတယ်… ရေးနိုင်တယ်ဆိုတာကလည်း ကျွန်တော် သူတို့တစ်တွေနဲ့ ထဲထဲဝင်ဝင် ကို ပြောဆိုဆက်ဆံ အပေါင်းအသင်းလုပ်ခဲ့လို့ပါပဲ… ဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ ရိုးရိုးလေးပဲ တွေးစေ ချင်ပြီး… ရိုးရိုးလေးပဲ ဖတ်သွားစေချင်ပါတယ်… 


ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တဲ့ သူတွေ ဆေးရုံကြီး မှာ ကျွန်တော်နဲ့ တွေ့ရင် နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသောက်ဖို့ ခေါ်မြဲပါ… ကျွန်တော့်ဘက်ကလည်း နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသွားသောက်မြဲပါ… သူတို့ပြောနေကျ စကားတစ်ခွန်းရှိပါတယ်… 

“ဆရာနဲ့ အခုလို လက်ဘက်ရည် တူတူသောက် နေရတာ သူတို့အတွက် ထူးခြားကျေနပ်ရတဲ့ အချိန်ပါ” တဲ့… 

“ဆေးရုံမှာ ကျွန်တော်တို့လို လူမျိုးတွေနဲ့ ဘယ်ဆရာဝန်မှ လက်ဘက်ရည် အတူမသောက်ဘူး” တဲ့… ကျွန်တော်ဘာမှ မပြောလိုပါ… ကျွန်တော်လည်း ကျွန်တော့် ခံယူချက်နဲ့ ကျွန်တော်ဆိုတော့… ဒါတွေက ထားပါ… ရန်ကုန် ပြည်သူ့ဆေးရုံကြီးက အလုပ်သမားတွေ ဘာကြောင့် ပိုက်ဆံကို ဒီလောက်အထိ အသည်းအသန် မက်မောနေရပါသလဲ… 

အဖြေက သူတို့ဘ၀တွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်… ဘာလဲဆိုတော့ ဂိုဏ်းသင့်မှာ ကြောက်လို့ဖြစ်ပါ တယ်… ဂိုဏ်းသင့်တယ်ဆိုလို့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါသလား မိတ်ဆွေ… ဒါဟာ တစ်ကယ်ရှိနေတဲ့ စကားပါ… ဆေးရုံက အလုပ်သမားတစ်ယောက်ကို “မင်း ဂိုဏ်းသင့်သွားချင်သလား… ငါ မင်းတို့ရဲ့ အုပ်ကို ပြောလိုက်မယ်” ဆိုရင် သူတို့ အင်မတိ အင်မတန် ကြောက်ကြပါတယ်… ဘာကြောင့်လဲဆိုတော့ ဂိုဏ်းသင့်သွားတဲ့ အလုပ်သမားတစ်ယောက်က တော်တော်နဲ့ပြန်ပြီး ဂိုဏ်းသင့်တဲ့အပြစ် ကနေ မြန်မြန် မလွတ်နိုင်လို့ပါ… နောက်ထပ် ဂိုဏ်းသင့်မယ့် လူကို စောင့်ရပါတယ်… 

ဂိုဏ်းသင့်တယ်ဆိုတာ ဘာပါလဲ… ဂိုဏ်းသင့်တယ်ဆိုတာက အပေါ်မှာ ရေးသွားသလို လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ဘ၀ကနေ လူနာတွေနဲ့ ထိတွေ့ဆက်ဆံလို့ မရတော့တဲ့ နေရာကို အပြောင်း ခံလိုက်ရတာကို ပြောတာပါ… ဘယ်လိုနေရာတွေလဲဆိုတော့ သန့်ရှင်းရေး၊ အာရကေမဲ့ဇုံ (ပိုက်ဆံ မရတဲ့ နေရာ)၊ ပြာတာဇုံ (အုပ်ချုပ်ရေးပိုင်း ဌာန) တွေကို ရောက်သွားတာပါ… 

ဒီတော့ အလုပ်သမားတစ်ယောက်က ဆေးရုံက ပေးထားတဲ့ လခကိုပဲ သုံးရပါတော့တယ်… လခကလည်း မစို့မပို့ဆိုတော့ သူတို့ ဂျူတီချိန် မဟုတ်တဲ့ အချိန်တွေမှာ တစ်ခြား ကျပန်းတွေထွက်လုပ်ရပါတော့တယ်… သူတို့အတွက် အရမ်းပင်ပန်းပါတယ်... 

ဒီတော့ လက်ရှိ ဆေးရုံက အာရကေဇုံမှာ တာဝန်ကျနေတဲ့ လူတွေဟာ ဂိုဏ်းမသင့်ဖို့ ကြိုးစားရပါတော့ တယ်… စားဖို့သောက်ဖို့ အဆင်ပြေကြတာကိုးဗျ… အလုပ်သမားတွေထဲက ဘယ်လိုလူတွေ ဂိုဏ်းသင့် သလဲ… 

VIP လူနာတွေနဲ့ ပြဿနာတက်တဲ့အခါ… ဒါကြောင့် ဆေးရုံကြီးကို အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်နဲ့သွားတဲ့အခါ အဆင်ပြေပြေ ဘယ်အလုပ်သမားနဲ့ မှ ပြဿနာ မတက်ပဲ ၀င်ထွက်လို့ရနေတာပါ… သက်ဆိုင်ရာ လူနာဆောင်က ဆရာဝန်ကြီးတွေက အစည်းအဝေးမှာ ထည့်ပြောတဲ့အခါ (သို့) Complaint တက်တဲ့အခါ… ဒါကြောင့် အလုပ်သမားတွေဟာ သက်ဆိုင်ရာ လူနာဆောင်တွေက ဆရာဝန်ကြီးတွေအပေါ် သိပ်ကို ရိုသေကျိုးနွံကြပါတယ်… 

ဒုတိယမြောက် အာရကေအောက် တဲ့အခါ… အာရကေဆိုတာက ပိုက်ဆံကိုခေါ်တာပါ… အာရကေ 
အောက် တယ်ဆိုတာက တစ်လအတွင်း သူတို့အနေနဲ့ ဘယ်လောက်ပြန်ပေးရမယ်ဆိုပြီး သတ်မှတ် ထားတဲ့ ပိုက်ဆံပမာဏကို ရှာမပေးနိုင်တဲ့ အခြေအနေကို ခေါ်တာပါ… လူနာဆောင် (သို့) တာဝန်ကျ တဲ့နေရာတွေပေါ် မူတည်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အုပ်လေးကို ပြန်အပ်ရပါတယ်… 

အုပ်လေးက တစ်ဆင့် အုပ်ကြီးကို ပြန်အပ်ရပါတယ်… ဒီတော့ ၂ လမြောက် အုပ်လေးကို ပိုက်ဆံ မအပ်နိုင်ရင် အလုပ်သမားအနေနဲ့ ဂိုဏ်းသင့်ပါတယ်… အုပ်လေး၊ အုပ်ကြီးဆိုတာ ဘယ်သူတွေ ဘာတွေဆိုတာ မေးလို့မရခဲ့ပါဘူး… ဒါပေမယ့် အုပ်ကြီးက အုပ်လေးကိုလည်း ပြန်ဖြုတ်လို့ရပါတယ်… 

အုပ်ကြီးက တစ်လအတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို အုပ်လေးကရှာပေးရပါတယ်… အုပ်လေးတွေ က အဆိုပါ သတ်မှတ်ထားတဲ့ ငွေပမာဏကိုမူတည်ပြီး အလုပ်သမားတွေ အပေါ်မှာ ပြန်ပြီးသတ်မှတ်ပေး ပါတယ်… အုပ်လေးတွေဘက်ကလည်း အာရကေအောက်လို့မရပါဘူး… အာရကေအောက်ရင် အုပ်ကြီးက အပြစ်ပေးပါတယ်… ဒီလောက်ပဲ ကျွန်တော်လည်း သိပါတယ်… ကျန်တာမသိပါ… 

ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့သော အလုပ်သမားများလည်း မသိကြပါ… အုပ်ကြီးဆိုတာ ဘယ်သူမှန်း ပင် သူတို့ မသိကြပါ… အုပ်ကြီးဆိုသူက တစ်နှစ်စာ ကန်ထရိုက်စနစ်နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ (ရာထူးအရ) ဆေးရုံတစ်ခုလုံးအပေါ် တာဝန်အရှိဆုံး၊ အာဏာအရှိဆုံး ပုဂ္ဂိုလ်ထံမှ ယူထားသည် ဟုသာ အလုပ်သမားတွေအနေနဲ့ သိရပါတယ်… 

အုပ်ကြီးအနေနဲ့လည်း သတ်မှတ်ငွေပမာဏ မရလို့ အဆိုပါ ပုဂ္ဂိုလ်အား မပေးနိုင်ရင် နောက်တစ်နှစ်စာ ကန်ထရိုက် မရနိုင်တော့ကြောင်းတော့ သိခဲ့ရပါတယ်… ဒီအချက်တွေကြောင့်လည်း သူတို့၏ တစ်ဝမ်းတစ်ခါးအတွက် အလုပ်သမားများအနေနှင့် ဂိုဏ်းသင့် မခံကြရဖို့အရေး ကြိုးစားရုန်းကန်ရင်း ပိုက်ဆံမက်နေရခြင်းဖြစ်ကြောင်း ၀န်ခံပါတယ်… 

အဲ့ဒီအချိန်တုန်းကတော့ “သြော်… ကောင်းလိုက်တဲ့ စီးပွားရေး စနစ်ကြီးပါလား” လို့ ကျွန်တော်တွေးမိရုံမှ တစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါ… အခုလည်း ဘာမှမတတ်နိုင်သေးပါ… ဒါပေမယ့် ဒါတွေကို အမေစုအထိ မသိရင်တောင် အမေစု ပြောတဲ့ “ပြုပြင်ရေး ကော်မတီ” ကြီးမှာပါမယ့် အဖွဲ့ဝင်တစ်ယောက် တိုက်ရိုက် (သို့) သွယ်ဝိုက်စွာ သိသွားပြီး အခုလိုဖြစ်နေတဲ့ စနစ်ကြီးကို လုံးဝကောင်းသွားအောင် ပြုပြင်ပြောင်းလဲပေး ခဲ့ မယ်ဆိုရင်တော့… လက်ရှိကြုံတွေ့ခံစားနေရတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ လူနာသတင်းမေးတွေ အတွက် ကျွန်တော်ရေးရကျိုးနပ်ပြီး ထင်ပါတယ်… 

၂၀၀၈ ခုနှစ် အလုပ်သင် ဆရာဝန်ဘ၀တုန်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အမှန်တကယ် ဖြစ်နေတဲ့ အခြေအနေကို ကျွန်တော်သိသလောက်၊ မေးလို့ရသလောက် ပြန်ရေးတာဖြစ်တဲ့အတွက် လက်ရှိ ၂၀၁၂ ခုနှစ် အခြေအနေအကြောင်း ကျွန်တော် မသိတော့ပါဘူး ဆိုတာကိုလည်း ရိုးသားစွာဝန်ခံပါရစေ… 

နောက်ထပ်ပြောချင်ပါသေးတယ်… 

ဒါကတော့ ဒီစာကိုရေးတဲ့ ကျွန်တော့် အနေနဲ့ ဘယ်သူ့ ဘယ်သူကိုမှ တိုက်ခိုက်လိုစိတ်၊ ထိခိုက်လိုစိတ် လုံးဝရှိမနေပါဘူး ဆိုတာပါပဲ… ပြည်သူ့ဆေးရုံကြီးကို အားကိုးအားထားပြုနေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ပါစေဆိုပြီးသာ ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်… ရင့်သီးမိုက်ရိုင်းတဲ့ Comment ပေးတဲ့လူများကိုလည်း အဖက်လုပ်နေမည် မဟုတ်ပါကြောင်း… 

“မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ” 


5 comments :

  1. MinAhPhay said... :


    sack ALL OF ' EM .
    Sack' em all.
    Sack' em all.

    jail them with hard labour.

    The whole group and the whole staff.

    Overhaul the whole human resource there.

    Don't spend too much time about them by posting here.

    There is no much time for reforming.

    These are obstacles. Remove them. Once and for all.

  1. Anonymous said... :

    အလွန်ကောင်းတဲ့ Post တစ်ခုပါ။ ရေးသားသူအားကျေးဇူးတင်ပါတယ်။

  1. Flogger-Whipper said... :

    Such kind of corruption had been there for long long time.
    as far as I concerned since 1980 that is as far as I concerned. May be longer than that.

    The responsibility is Medical Superintendent. all superintendents and also departmental heads too.

    The current departmental heads, professors are medical students during that 1980s. After 30 years, such kind of corruption still exist.

    Overhaul the whole system. Give them good salary. And take full-scaled anti corruption crackdown.
    Take serious punishment for first 6 months and review the ' action plan ' .

    Listen to me and just follow my advice. Punish them hard. .. with ' caning ' , ' fine' . ' hard labour ' .. jail for only a few weeks. Do not feed them with public revenue. Let them work.

    if the offenders are nurses / doctors. .if not that serious .. fine them. .500,000 kyats. if surgeons/ physicians.. 5000,000 kyats at least.
    if serious , De-registration is the way to go. Some are to ' a few years extent' . Some are for ' long-termed ' and some are ' life long' .

    And publish about those news in all media.

    Create a ' media' newspaper name ' anti corruption Digest ' . ( A C D ) . and tell about all those things in that 10 pages publication. Publish is weekly Or fortnightly . Possibly as ' supplementary issue ' of Myanma Ah Lin , Kyay Mon etc.

    Crack down quickly and effectively. don't delay too much. Otherwise, all will get ' used to is' and ' tired of ' . Do not wait too long.
    It had been too long..L O N G .........L o n g .It had b e e n L......O.......N ......Ggggggg.

  1. Anonymous said... :

    Oh! my God!
    What are you saying Flogger-Whipper?
    The MS of YGH is a sister of Ex-minister U Soe Thar.
    That is why YGH has become so much deteriorated in all aspects within a decade under the management of MS Dr. Nu Nu Thar.
    Maybe the corruption was also present at your time around 1980s. But it become more and more worse after 2000.
    Not only MS, doctors also consider only to get money. In the future, the word (SAYDANAR) will become a foreign language in Myanmar medical field.

  1. Anonymous said... :

    This is so right! But in fact, we have to be happy and glad that..the debate over the improvement of the hospital is getting closer to our attention. Which the ones who are "against" the debate were just that they never have personally been to the hospital,no love for the country that they're living and for people.
    Finally.. They ,themselves are uneducated,no hearted ppl.
    We shall all make one better by helping others,giving a hand of each will bring the best soultion..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved