အဲမလီ ~
ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်-၂၊ လင်းလက်ဝတီ ငါးပုစွန်လုပ်ငန်းက အလုပ်သမားတွေအကြောင်း ဖြစ်ပါတယ်။
မကြာခင်မှာ သူတို့ရဲ့ ငါးပုစွန်လုပ်ငန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ရွှေ့တော့မယ်လို့ သိရပါတယ်။
မလိုက်ချင်တဲ့ အလုပ်သမားတွေကို တခြား ရေလုပ်ငန်းတခုဖြစ်တဲ့ King Fish စက်ရုံကို ပြောင်းလုပ်ဖို့ အလုပ်ရှင်က ပြောခဲ့ပါတယ် တဲ့။
လက်ရှိ တလလုံးလုပ်မယ့် သူတို့ရဲ့ လစာ အပါအ၀င် နောက်တလစာကို ပေါင်းပြီး နှစ်လစာပဲ ပေးတယ်လို့ သိရပါတယ်။
အလုပ်သမားတွေက နစ်နာကြေးကို ၃လစာ ပေးဖို့ တောင်းပေမယ့် အလုပ်ရှင်က မပေးတာကြောင့် အလုပ်သမားရုံးကို ရောက်သွားကြတာပါ။
တလလုံးလုံး လုပ်ထားတဲ့ သူတို့ရဲ့လုပ်အားခကို နစ်နာကြေးလို့ သတ်မှတ်တာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
မနေ့က အလုပ်သမား ၃၉ ဦး အတွက် စုစုပေါင်း နစ်နာကြေးငွေ ၄,၄၈၆,၀၀၀ ရခဲ့ပါတယ် တဲ့။
တွက်ကြည့်ရင် တယောက်ကို တသိန်းကျော်ကျော် ရသွားတဲ့ သဘောပါ။
လစာအပြင် သူတို့ရဲ့ အလုပ်လုပ်ခဲ့တဲ့သက်တမ်းပေါ် မူတည်ပြီး နစ်နာကြေး ရသွားကြတာလို့ သိရပါတယ်။
0 comments :
Post a Comment