လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို ယနေ့ နံနက် ၃ နာရီ ၀န်းကျင်က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံးပြီး အစိုးရက အကြမ်းဖက် ဖြိုခွဲလိုက်ပြီဖြစ်ပါတယ်။
ကြေးနီစီမံကိန်း ရပ်တန့်ရေး လက်ပံတောင် သပိတ်စခန်း တခု၏ ဖျက်ဆီးမခံရခင် မြင်ကွင်း၊ ဓာတ်ပုံ- OpenSociety Monywa
သပိတ်မှောက်နေကြတဲ့ ရဟန်းသံဃာတချို့ ထိခိုက် ဒါဏ်ရာ ရပြီး သပိတ်မှောက် ဒေသခံ ကျေးရွာသူ၊ ရွာသား တချို့လည်း ဒါဏ်ရာများ ရရှိသွားတယ်လို့ သိရပါတယ်။
သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးလည်း ရိုက်နှက်ခံရကြောင်း၊ သပိတ်စခန်း ၃ ခုကိုလည်း အစိုးရက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ သပိတ်စခန်းရှိ ဆိုင်ကယ်များစွာလည်း ထားခဲ့ရကြောင်း၊ ကုမ္ပဏီရှေ့ သပိတ် စခန်းမှ ရဟန်းသံဃာ တချို့ ရိုက်နှက်ခံရကြောင်းနှင့် မုံရွာ ဆေးရုံကို သံဃာ ၁၇ ဒါဏ်ရာ များနှင့် ရောက်နေကြောင်း မုံရွာ ပွင့်လင်း လူ့အဖွဲ့အစည်းက တာဝန်ခံ တဦးက ဧရာဝတီကို ပြောသည်။
Posted in:
News
,
သတင်း
ပြည်သူတွေ ဒီပွဲမှာ ရှုံးသွားမှာ စိုးတယ်ကွာ... ဒေါ်စု ရဲ့ အဆိုတခုကြောင့်လဲ အစိုးရ ပိုအရေးတင့်လာတယ် လို့မြင်တယ်.... ကျနော် အဲဒီ အဆိုကို နဲနဲ တော့ ဝေဖန်ထားပါတယ်... http://kachinduwa.blogspot.com/2012/11/blog-post_28.html