ထိုင်းဘုရင်မွေးနေ့ အလှူ မြန်မာ ကလေး ၆ ဦး ဆေးကုပေးမယ်

Tuesday, November 6, 2012

ထိုင်းဘုရင် ဘူမိဘော၊ ဓာတ်ပုံ- Thai.com

မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါ ဖြစ်နေတဲ့ ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၆ ဦးကို ထိုင်းနိုင်ငံက အခမဲ့ ခွဲစိတ် ကုသပေးမှာဖြစ်ပါတယ်။ 

အခုလို အစီအစဉ်ဟာ ထိုင်း ဘုရင် ဘူမိဘော ၏ ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်မယ့် အသက် ၈၅ နှစ် 
ပြည့် မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး တခြားသော နှလုံးရောဂါနှင့် သက်ဆိုင်သည့် 
ဝေဒနာရှင် ကလေး ၇ ဦးကိုလည်း ကုသပေးရန် အစီအစဉ် ရှိတယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံ အမတ်ကြီး Pisanu Suvanajata က ပြော ဆိုတာကို ဘန်ကောက်ပို့စ် ၌ ပါရှိပါတယ်။ 

လာမည့် နှစ်ဆိုရင်တော့  ထိုင်း-မြန်မာ ဆက်ဆံရေး ၆၅ နှစ်ပြည့် ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved