ကလေးများ၏ ပညာရေး နှင့် နိုင်ငံမဲ့မဖြစ်ရေး

Sunday, November 4, 2012

~  



(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ကရင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသည့် တာ့ခရိုင်အတွင်းမွေးဖွားသော မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ကလေးနှစ်သောင်းကျော် နိုင်ငံမဲ့ မဖြစ်ရေး၊ ပညာသင်ခွင့်ရရေးတို့အတွက် ဆောင်ရွက်နိုင်ခဲ့သည်ဟု  ဒေါက်တာစင်သီယာမောင်က သောကြာနေ့တွင် ပြောလိုက်သည်။

ထိုကလေးများအတွက် မွေးစာရင်း ထုတ်ပေးသည့် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ (မြန်မာနိုင်ငံ) - CPPCR အဖွဲ့၏ ၁၀ နှစ်ပြည့်နေ့တွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

”ဒီမှာမွေးတဲ့ကလေးတွေ မွေးစာရင်းတွေ ရှိတဲ့အတွက် တစုံတရာ အထောက်အထားရှိပြီး တချိန် မြန်မာနိုင်ငံပြန်ရောက်ရင် မြန်မာ နိုင်ငံသားအဖြစ်ကို ပြန်လည်ရ ရှိနိုင်ဖို့ အတွက် အချက်အလက်တွေကို စုဆောင်းထားပေးတာဖြစ်တယ်” ဟု CPPCR ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်က ရှင်းပြသည်။

ထိုမွေးစာရင်းအထောက်အထားကို ထိုင်းပညာရေးဌာနကလည်း အသိအမှတ်ပြုထားသဖြင့် ထိုကလေးငယ်တို့သည် ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်း ၇၄ ကျောင်းအပြင် ဒေသတွင်း ထိုင်းအစိုးရကျောင်းများတွင်လည်း ပညာသင်ကြားလျက်ရှိသည်။

အလားတူမွေးစာရင်းထုတ်ပေးမှုကို မဲဆောက်ရှိ  ဒေါက်တာစင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်းတွင်
မွေးဖွားခဲ့သည့်ကလေးငယ်များကိုလည်း သီးသန့်ပြုလုပ်ပေးခဲ့သည်။
ဆေးခန်းစတင်တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ  မြန်မာကလေးငယ် (၂၃,၇၆၈)ဦးကို မွေးစာရင်း ထုတ်ပေးခဲ့သည်ဟု ဆေးခန်းမှ ဆရာမနော်ဆိုဖီယာက ဧရာသတီသတင်းဌာနကို ပြောသည်။

အလားတူမွေးစာရင်းထုတ်ပေးမှုကို မဲဆောက်ရှိဒေါက်တာစင်သီယာမောင်ဦးစီးသည့် မယ်တော် ဆေး ခန်းတွင် )လည်း သီးသန့်ပြုလုပ်ပေးခဲ့သည်။

တာ့ခ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းများတွင် ကလေး ၁၅,၀၀၀ ကျော် ပညာသင်ကြားနေကြသည်။ သို့သော်လည်း အရွယ်ရောက်ပြီး ပညာသင်ကြားရန် အခြေအနေမပေးသည့် ကလေးငယ် အရေအတွက်မှာ ဤဒေသတွင် ၃၀,၀၀၀ ခန့် ရှိသည်ဟု မြန်မာရွှေ့ပြောင်းပညာရေးကော်မတီ ဥက္ကဋ္ဌ နော်ဖောရေက ပြောသည်။



သောကြာနေ့က တွေ့ရသည့် CPPCR အဖွဲ့၏ ၁၀ နှစ်ပြည့် အခမ်းအနား ဓာတ်ပုံများ










 









-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved