ဥရောပရဲ့ အထူး ကုန်သွယ်ရေးမှု အခွင့်အရေး မြန်မာ ရဖို့ရှိ

Sunday, November 4, 2012

 သမ္မတ ဦးသိန်းစိန်နဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Mr. Jose’ Manuel Barroso တို့တွေ့ဆုံနေပုံ၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်

ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတဲ့ မြန်မာနိုင်ငံဟာ ဥရောပနဲ့ ကုန်သွယ်မှုမှာ အထူးအခွင့် အရေး ရဖို့ ရှိပါ တယ်။ 

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Mr. Jose’ Manuel Barroso ဦးဆောင်တဲ့ အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ယမန်နေ့က နေပြည်တော်မှာ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက လက်ခံတွေ့ဆုံရာ မှာ အဆိုပါကိစ္စ ဆွေးနွေးခဲ့တာပါ။

တွေ့ဆုံရာမှာ ဥရောပဘက်က မြန်မာ့ပြုပြင်ပြောင်းလဲမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အသီးအပွင့်တွေ မြန်မာပြည်သူတွေ အမြန်ဆုံး ရရှိခံစားနိုင်ဖို့အတွက် ကုန်သွယ်မှု အထူးအခွင့်အရေးပေး တဲ့ စနစ် မြန်မာကို ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းတွေက ဖော်ပြထားပါတယ်။ 

မြန်မာ့ ထုတ်ကုန်တွေကို ဥရောပ စံချိန်စံညွှန်းညီစေရေး နည်းပညာနဲ့ သင်တန်းတွေလည်း ဥရောပဘက်က ကူညီပေးသွားမှာဖြစ်ပါတယ်။  

ဒီအပြင် ဥရောပ ဘက်က မြန်မာ့ ငြိမ်းချမ်းရေး အထောက်အပံ့တွေ ပေးရေးနဲ့ ရန်ကုန် ဥရောပ သမဂ္ဂရုံးမှာ သံအမတ် ကြီးအဆင့် တိုးမြှင့် ခန့်အပ်ရေးလည်း ပါဝင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved