နယ်စပ်တန်ဆောင်တိုင် ၁၀ ရက် ကျင်းပမည်

Tuesday, November 20, 2012

~





ပြည်တော်မြင့် ~


ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် မြ၀တီ နှင့် မဲဆောက်မြို့တို့ ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားအနီးတွင်  ၁၀ ရက်တိုင်တိုင် ကျင်းပမည့်  လွိုင်းကထုံး ဟု ခေါ်သည့် မီးမျှောပွဲ နှင့် တန်ဆောင်တိုင်ပွဲတော်ကို တနင်္လာနေ့ညက စတင် ကျင်းပကြသည်။

တနင်္လာနေ့ ညဦးပိုင်း ပွဲတော်ဖွင့်ပွဲ မြင်ကွင်းတခု (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ထိုင်း-မြန်မာချစ်ကြည်ရေးပွဲတော် ဖွင့်လှစ်ခြင်း အခမ်းအနားသို့   မဲဆောက်နှင့်မြ၀တီဒေသ ခရိုင်အဆင့် နှစ်ဘက် အရာရှိကြီးများ  တက်ရောက်လာကြသည်ကို တွေ့ရသည်။

တန်ဆောင်မုန်းလပြည့်ညတွင် အဆုံးသတ်မည့် ဤပွဲတော်ကြီးတွင် ပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ နှစ်နိုင်ငံယဉ်ကျေးမှုအကအဖွဲ့တို့နှင့် နာမည်ရမြန်မာအဆိုတော်များ၏ ဖျော်ဖြေပွဲများကို တွေ့မြင်ရှုစားကြရမည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး အလှမယ် ရွေးချယ်ပွဲကိုလည်း ကျင်းပသွားမည်ဟု ပွဲတော်ကို ကမကထပြုသည့် ထာ့စိုင်လို့ဝပ်အပိုင် မြုနီစပယ်ဥက္ကဋ္ဌ  နိုင်စံမလွေးဝိရိယက ပြောသည်။

ချစ်ကြည်ရေးတံတား တန်ဆောင်တိုင်ပွဲတော်ကြီးက ပွဲကြိုက်သည့်၊ ရိုးရာပွဲနှစ်သက်သည့် နှစ်ဘက် ဒေသခံ  လူငယ် လူကြီးတို့ကို ပျော်ရွှင်မှုများ
ဆယ်ရက်ကြာ ပေးဝေတော့မည်ဖြစ်သည်။

တစစ ဖွံ့ဖြိုး ကြီးထွားလာသည့် မဲဆောက်မြို့သည် မြန်မာပြည်သား အများအပြား အခြေချ နေထိုင်၊ အလုပ်လုပ်ကိုင်၊ ကုန်သွယ်ကြသည့် နယ်စပ်မြို့ဖြစ်သကဲ့သို့  မြန်မာပြည်သားတို့ ဘန်ကောက်၊ ပတ္တရား၊ အယုဒ္ဓယ အစရှိသည့် ထိုင်းမြို့များသို့ တရားဝင်/တရားမ၀င် သွားရောက်ရာတွင် ခရီးတထောက်နားကြသည့်မြို့လည်း ဖြစ်သည်။

မဲဆောက်၏ တဘက်ကမ်း မြ၀တီမြို့သည်  နယ်စပ်ကုန်သွယ်ရေး နှင့် မှောင်ခိုလုပ်ငန်းကြီးထွားသည့်  ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးမြို့ဖြစ်ပြီး ဒေသစုံမှ မြန်မာပြည်သားတို့ နေထိုင်လျက်ရှိသည်။

ထိုင်းနိုင်ငံမှ ရန်ကုန်သို့ ကုန်လမ်းဖြင့် သွားရောက်လိုပါက မဲဆောက်-မြ၀တီလမ်းက အမြန်ဆုံးလမ်း ဖြစ်ပြီး နေ့ချင်းပေါက်ရောက်နိုင်သောလမ်းလည်း ဖြစ်သည်။



















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved