မြန်မာ Hip Hop အဆိုတော်တွေ မလေးရှားမှာ ဖျော်ဖြေမယ်

Saturday, November 10, 2012

 မြန်မာ ဟစ်ဟော့ပ် အဆိုတော်တွေရဲ့ မလေးရှား Live Show ကြော်ငြာ၊ ဓာတ်ပုံ- နေဇော်လင်း

မြန်မာနိုင်ငံက Hip Hop အဆိုတော်တွေဟာ မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့မှာ မလေးရှား နိုင်ငံမှာ Live Show ဖျော်ဖြေပွဲ သီဆိုကြဖို့ ရှိပါတယ်။ 

မလေးရှားနိုင်ငံ  ကေအယ် ကွာလာလမ်ပူရှိ မဟာနန်း စားသောက်ဆိုင်မှ တတိယအကြိမ်မြောက် နှစ်ပတ် လည် ဖျော်ဖြေပွဲ အစီအစဉ်မှာ  မြန်မာနိုင်ငံမှ Hip Hop အဆိုတော်တွေ ဖြစ်ကြတဲ့ JMe ၊ ရဲလေး ၊ ဘရိတ်ကီ ၊ ဂျောက်ဂျက် ၊ လွှမ်းပိုင် ၊ စန္ဒီမြင့်လွင် ၊ အေသင်ချိုဆွေ ၊ အိမ့်ချစ် ၊ မီစန္ဒီ ၊ Bobby Soxer ၊ Super Model (Girl Group) များနှင့် Dancer Uranium ၊ Life & Dancer Twin Brother တို့ လာရောက် 
ဖျော်ဖြေကြမှာဖြစ်ပါတယ်။ 

နေရာနဲ့ အချိန်ကတော့ မလေးရှားစံတော်ချိန် နေ့လယ် ၁၁ နာရီကနေ ညနေ ၄ နာရီအထိ  ၁၁.၁၁.၂၀၁၂ (တနင်္ဂနွေနေ့) ကေအယ် ကိုတာရာယာကုန်တိုက်ဘေး SM ခန်းမမှာ ကျင်းပကြမှာဖြစ်ပါတယ်။ 



ဖျော်ဖြေရေးပွဲကို မဟာနန်း အဆင့်မြင့်စားသောက်ဆိုင်တွင် ဘူးဖေး လက်မှတ်တစ်စောင်ကို RM-50 နှုန်း 
ဖြင့် ဝယ်ယူအားပေး စားသုံးသူများအား နှစ်ပတ်လည် ဖျော်ဖြေပွဲကြီးကို ကြည့်ရှုခွင့်ရမှာဖြစ်ပြီး အသေး စိပ် မေးမြန်းလိုပါက 019-37789 ၊ 016-3378943 ၊ 016-6987 183 ၊ 010-533 7777 ၊ 03-20260208 ၊ 03-20323628 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါတယ်။

 နေဇော်လင်း (Malaysia News Media)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved