ဒေါ်စု နိုဗဲလ်ဆုရခြင်း နဲ့ 10 D အမှတ်တရ ရန်ကုန်မှာ ကျင်းပ

Monday, December 10, 2012


 (10-D) အမှတ်တရ အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ အမှတ်တရစကား ပြောကြားစဉ်၊ ဓာတ်ပုံ- ၈၈ မျိုးဆက် 
ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆု ပေးအပ်ခဲ့တာ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာတော့ ၂၁ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ 

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့နိုဗဲလ်ငြိမ်းချမ်းရေး ဆုရတာကို ထောက်ခံဆန္ဒပြမှု လုပ်ခဲ့တဲ့ ကျောင်းသား လူငယ်တွေလည်း အဆိုပါကိစ္စကြောင့် ဖမ်းဆီးထိမ်းသိမ်း အကျဉ်းချခံခဲ့ရတာ အခုဆို ၂၁ နှစ် ကာလ 
ရောက်လာပါပြီ။ သူတို့တွေလည်း အကျဉ်းထောင် အသီးသီးက ပြန်လည်လွတ်မြောက်လာကြပြီးဖြစ်ပါ တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရရှိခြင်းနဲ့  ထောက်ခံ ဆန္ဒပြလို့ အကျဉ်း ကျခဲ့တဲ့ 10 D ကျောင်းသားတွေရဲ့ အမှတ်တရ အခမ်းအနားတခုကို ဒီကနေ့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့မှာ ရန်ကုန်မြို့ ယုဒဿန်ခန်းမ၌ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။ 

အဆိုပါ 10-D အမှတ်တရ အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ နယ်ပယ်စုံက ပုဂ္ဂိုလ်များလည်းတက်ရောက်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved