ကမ္ဘာကျော် အဆိုတော်နဲ့ မြန်မာ အထင်ကရတို့ရဲ့ ဂီတဖျော်ဖြေပွဲ

Thursday, December 13, 2012

 ~
 

ရွက်စိမ်း ~


    အခမဲ့ ကြည့်ရူနိုင်မယ့် ဂီတပွဲကို လာမယ့် တနင်္ဂနွေနေ့ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ MTV EXIT ရဲ့ဂီတဖျော်ဖြေပွဲမှာ ဂရမ်မီ တေးဂီတဆုရှင် Jason Mraz နဲ့အတူ မြန်မာပြည်မှ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ Rဇာနည်၊  ဖြူဖြူ ကျော်သိန်း၊ ချမ်းချမ်း၊  ချစ်သူ့ဝေ၊ လင်းလင်း၊ ဖြိုးကြီး၊ စိုင်းစိုင်းတို့က သီဆိုကြမှာဖြစ်ပါတယ်။

    အခမဲ့လက်မှတ်တွေကိုJunction Square၊ မြေနီကုန်း၊ တရုတ်တန်း မှာရှိတဲ့ CITY MART တို့မှာ ဒီဇင်ဘာ ၆ရက်ကနေ ၉ ရက် အထိ  ထုတ်ပေးခဲ့ပါတယ်။

    လက်မှတ်လာထုတ်သူတွေထဲမှာ လူငယ်လူကြီးယောက်ျား မိန်းမ စုံစုံတွေ့ရတာကြောင့် ဒီပွဲက လူ အများ စိတ်ဝင်စားမှုများတဲ့ပွဲလည်းဖြစ်ပါတယ်။

လက်မှတ်လာထုတ်သူတွေထဲက လူငယ်တစ်ယောက်ကတော့ “ကျွန်တော်တို့ နိုင်ငံခြားအဆိုတော်တွေ ရဲ့ပွဲကိုတစ်ခါမှလည်းမကြည့်ဖူးဘူး၊  အခုကြည့်ခွင့်ရတော့ လက်မလွှတ် ချင်ဘူး၊ ဒါကြောင့် လက်မှတ်ရဖို့ လာတန်းစီနေတာ” လို့ သူကပြောပါတယ်။

     “အခမဲ့ လက်မှတ်ရလို့ ကြည့်လိုက်တော့ အရမ်း မိုက်တယ်ဗျ၊ မြန်မာပြည်မှာ ၅,၀၀၀၊ ၁၀, ၀၀၀ ပေးဝယ်ရတဲ့ပွဲတွေထက်တောင် သာသေးတယ်” လို့ အဲဒီလူငယ်ကပဲ ပြောပါတယ်။

 ဒီပွဲကတော့ အခုတစ်လော လူတွေ ကြားမှာရေပန်းစားနေတာဖြစ်ပြီး ယခင်မြန်မာပြည်မှာပြုလုပ်တဲ့ ရိုးပွဲတွေထက် ထူးခြားမယ်ဆိုတဲ့ရင်ခုန်သံတွေနဲ့ ကြည့်ရူဖို့ စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved