ရန်ကုန် ညကို သိမ်းပိုက်တဲ့ ပွဲ

Monday, December 17, 2012

ဓာတ်ပုံ - ဂျေပိုင်

ကမ္ဘာကျော် အဆိုတော် Jason Mraz က ဦးဆောင်ပြီး မြန်မာအဆိုတော်တွေ ဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ R ဇာနည်တို့ပါ ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ် အသိပညာပေး MTV EXIT တေးဂီတ 
ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာဒီဇင်ဘာလ ၁၆ ရက်နေ့ ညက စည်ကားစွာ ကျင်းပခဲ့ပါတယ်။

အဆိုတော် Jason Mraz

ရန်ကုန်ရဲ့ ညနဲ့ အလှကို ရန်ကုန် ပရိသတ်များနဲ့အတူ Jason Mraz တို့ အဆိုတော်တွေ က တေးသီချင်းသံ များနဲ့ သိမ်းပိုက်လိုက်တယ်လို့ ပြောရမလိုပါဘဲ။ ပရိသတ်တွေရဲ့ အားပေးမှုက ရန်ကုန် ကောင်းကင်းမှာ ပဲ့တင်ထပ်နေခဲ့ပါတယ်။  



အဆိုတော် လင်းလင်းကတော့ သခင်မျိုးဟေ့တို့ဗမာသီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဖြူဖြူကျော်သိန်းနဲ့ Jason Mraz တို့ကလည်း ပရိသတ်ရင်ကို လှုပ်ခတ်အောင် ဆွဲဆောင်ခဲ့ပါတယ်။ 













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved