"အကျဉ်းထောင်" ဆိုတာ ဘာလဲ ?

Tuesday, December 4, 2012

                          အကျဉ်းစံ နိုင်ငံရေး အကျဉ်းသား တဦး လွတ်မြောက်ခြင်းကို ငတ်လင့်နေပုံ


"အမှောင် ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်းတို့ရဲ့ ပြတိုက်ကြီးပါ" ဆိုတဲ့ စကားဟာ မြန်မာနိုင်ငံ စစ်အာဏာရှင် အောက်မှာ နေခဲ့ရစဉ်က နိုင်ငံရေး အကျဉ်းသားတွေ တယောက်ကိုယ်တယောက် အားပေးစကား ပြောကြာတဲ့ စကားတွေထဲက တခုပါ။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်နဲ့ပတ်သက်တဲ့ စာစုတွေဟာ လွန်ခဲ့တဲ့ စစ်အာဏာရှင်အောက် မှာ ပျောက် ကွယ် တိမ်မြုပ်နေခဲ့တာ ကြာပါပြီ။ မကြာသေးမီကဘဲ အကျဉ်းထောင်တွေက ပြန်လည် လွတ်မြောက်လာ တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ဘယ်လို အကျဉ်းထောင်တွေမှာ ဖြတ်သန်းခဲ့ရတာတွေကို တဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်း ကောင်း ပြန်လည်ရေးသားဖြန့်ဝေခွင့်တွေ ရလာကြပါတယ်။ 

အခုအချိန်မှာတော့ စာဖတ်သူများအတွက် ဒုတိယ အကြိမ်ထုတ်ဝေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေး ဦးစီးပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၃၈ ဦးရဲ့ ထောင်တွင်း အတွေ့အကြုံတွေ ကို ရေးသား ထုတ်ဝေထားတဲ့ ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့သော နှလုံးသား အမည်ရ စာအုပ် ကြေငြာ ကို ကြေမုံသတင်းစာမှာ ဖော်ပြလာပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved