ရှမ်းနှစ်သစ်ကူးပွဲ နှင့် စာတမ်းဖတ်ပွဲ ကျိုင်းတုံတွင် ကျင်းပမည်

Tuesday, December 4, 2012


 ~




ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

      ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို  ဒီဇင်ဘာ ၁၂ ၊ ၁၃၊ ၁၄ ရက်တို့တွင်  ကျိုင်းတုံမြို့၌ ကျင်းပမည် ဖြစ်ကြောင်း နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးစိုင်းလာက ပြောသည်။

ပြီးခဲ့သည့်နှစ်
ရှမ်းနှစ်သစ်ကူးပွဲ ဖျော်ဖြေရေး အစီအစဉ်တခု (ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)
နှစ်သစ်ကူးပွဲတော် ကျင်းပစဉ် ကာလအတွင်းမှာလည်း ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်ဝှမ်းဒေသ အသီးသီးမှ ပညာရှင်များက ရှမ်းအမျိုးသားတို့၏ စာပေ၊ ယာဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း စဉ်လာ အကြောင်း စာတမ်းဖတ်ပွဲ ပြုလုပ်မည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ ၀င် ဦးစိုင်းလာက ဆက်ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပွဲတော်ကျင်းပမည့်ရက်များတွင်  ဘွဲ့တံဆိပ်ရဆရာတော်၊ သံဃာတော်များအား ဂုဏ်ပြုခြင်း၊ သက်ကြီး ဘိုးဘွားကန်တော့ခြင်း စသည့် နံနက်ခင်းတွင် ပြုလုပ်မည့် အစီအစဉ်များ ရှိပြီး ညပိုင်းတွင်
ဖျော်ဖြေရေး အစီအစဉ်များဖြင့် နှစ်သစ်ကို ကြိုဆိုမည်ဖြစ်ကြောင်း    ဦးစိုင်းလာက ရှင်းပြသည်။

ပွဲတော်ကို ကျိုင်းတုံမြို့၊ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီ နှင့် ရန်ကုန်မြို့ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းပြီး ကျင်းပမည်ဟု သိရသည်။

ရှမ်းပြည်နယ်တွင် မြို့ပေါင်း ၅၀ ထက် မနည်း ရှိသည့်အနက် ဤယဉ်ကျေးမှု ပွဲတော်ကြီး ကျင်းပရန် ကျိုင်းတုံမြို့ကို ရွေးချယ်ထားခြင်း ဖြစ်ရာ ဒေသခံတို့အတွက် ၀မ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်။


ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ

ကိန္ဒရာ၊ ကိန္ဒိရီ အက၊ တိုးနယားအက၊ ဓါးလှံ သိုင်း အကများ၊
ကျိုင်းတုံနယ်အတွင်းရှိ ဆိန်၊ ဆေား၊ ခပ်လိ အစရှိသည့် ရိုးရာ တေးဂီတများ၊
ခေတ်သစ်အကများ၊ ရှမ်းရိုးရာ အကများ






---

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved