ခရစ်စမတ်ကို ကြိုဖို့ ပြင်နေတဲ့ ရန်ကုန်

Tuesday, December 25, 2012

 ခရစ်စမတ်ကို ကြိုဆိုရန်လှည့်လည်ဖျော်ဖြေမယ့် ယာဉ်ကို ပြင်ဆင်နေပုံ၊ ရန်ကုန်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

ခရစ်စမတ် ကာလ ရန်ကုန်ဟာ နှစ်စဉ် လှုပ်လှုပ်ရှားရှားဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာဝင်တို့ ရဲ့ တေး သီးချင်းတွေကလည်း လမ်းတွေ၊ အိမ်တွေ၊ အခန်းတွေထဲထိ ပျံ့နှံ့ဝင်ရောက်တတ်ပါတယ်။ 

ဒါကလည်း မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မတူပါဘူး။ သက်ဆိုင်ရာ ဘာသာတရားတွေ ရဲ့ နေ့ထူးနေ့မြတ်တိုင်းဟာ မြန်မာနိုင်ငံမှာ တရားဝင်ရုံးပိတ်ရက်လည်းဖြစ်သလို မြန်မာနိုင်ငံသားတိုင်းလိုလို သက်ဆိုင်ရာ ဘာသာဝင်တွေနဲ့ အတူပျော်ရွင်စွာ ဆင်နွှဲလေ့ရှိတတ်ကြလို့ပါဘဲ။


  
ယခုနှစ် ခရစ်စမတ် အကြိုည X'mas Eve မှာ ရန်ကုန်မြို့မှာ လှည့်လည်ဖျော်ဖြေမှုတွေကလည်း ယခင်နှစ် များနဲ့ မတူတော့ပါဘူး။ ဒါဟာ တနှစ်ထက် တနှစ် ဆန်းသစ်မှုလို့ ဆိုရမလားပါဘဲ။ ခရစ်စမတ်အကြို လှည့်လည်ဖျော်ဖြေဖို့ ပြင်ဆင်မှု မြင်ကွင်းတချို့ကို အခုလို မြင်တွေ့ရမှာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved