တောင်ကြီးအင်တာနက် ရက်အကန့်အသတ်မရှိ ပျက်ဦးမည်

Tuesday, December 4, 2012

~




ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

ပြီးခဲ့သည့်လ လလယ်ပိုင်းကတည်းက တောင်ကြီးမြို့ပေါ်ရှိ နံပါတ်ငါးလုံးပါ ကြိုးဖုန်းများ လိုင်းပြတ်တောက်နေသည်။

တောင်ကြီးမြို့ အင်တာနက်ဆိုင်တခုတွင် တွေ့ရသော အင်တာနက် ဆက်သွယ်မှု အခြေအနေ
ထိုဖုန်းများနှင့် တွဲစပ်သုံးရသည့် အင်တာနက် အချိတ်အဆက်လည်း ပြတ်တောက်နေပြီး   ယနေ့အထိ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသဖြင့် အင်တာနက်ဆိုင် အများအပြား ၀င်ငွေ ထိခိုက်လျက်ရှိသည်။

အင်တာနက် မရသော်လည်း သက်ဆိုင်ရာသို့ ၀န်ဆောင်ခ ပုံမှန် ပေးသွင်းနေရသည်ဟု အင်တာနက်ဆိုင် လုပ်ငန်းရှင်တို့က ပြောသည်။

ဆက်သွယ်ရေးရုံးကလည်း  မည်သည့်အချိန်တွင် လိုင်းအခြေအနေ ပုံမှန်ပြန်ဖြစ်မည်ကို တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိကြောင်း သိရသည်။

တောင်ကြီးတွင်            (ADSL) 1MB အတွက် လစဉ်ကြေး  တလ တသိန်း၊ နှစ်စဉ်ကြေး တနှစ် သုံးသိန်း ခြောက်သောင်း ပေးသွင်းရ အင်တာနက်ဆိုင်များက ပြောသည်။

ဤအခြေအနေနှင့် ပတ်သက်ပြီး  တောင်ကြီး ဆက်သွယ်ရေးရုံး အိတ်ချိန်းရုံး အော်ပရေတာ တာဝန်ခံကို  စုံစမ်းမေးမြန်းရာ -
နံပတ် ငါးလုံးပါ ကြိုးဖုန်းများ လိုင်းများပြုပြင်နေသဖြင့် ဖြတ်တောက်ထားကြောင်း၊  ရွှေညောင်၊ ညောင်ရွှေ မြို့များ အပါအ၀င် ဖြတ်ထားရသည့် ဖုန်းလိုင်း ၆,၀၀၀ ကျော်ခန့် ရှိကြောင်း၊ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည်မှာ မှန်ကြောင်း၊  ပြုပြင်နေဆဲဖြစ်ပြီး  မည်သည့်အချိန် ပြီးစီး ကောင်းမွန်မည်ကို ရက်အတိအကျဖြင့် မပြောနိုင်ကြောင်း ယင်းက ပြောကြားခဲ့သည်။























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved