မြန်မာစာ မြန်မာစကား ဘယ်သူတွေ တန်ဘိုးထား

Tuesday, December 4, 2012



"အားလုံးကို မင်္ဂလာပါ။ ဒီ ဗွီဒီယိုထဲမှာ ကျွန်တော် ဘာမှအထူးတလည် မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော်လိုချင်တာက ခင်ဗျားတို့ ဗမာလိုပြောတတ်တဲ့လူတွေ အားလုံး ဗမာဘာသာစကားနဲ့ ကျွန်တော်ကို အကူအညီပေးကြပါဦး" ဆိုပြီး အမေရိကန် တယောက် မြန်မာစကားနဲ့ ယူကျုပေါ်မှာ အကူအညီတောင်းထားတာပါ။ 

သူက မြန်မာစကားကို ကြိုးစားပြောဆိုထားတာဖြစ်ပြီး မြန်မာ စကားကို လေးလေးစားစားနဲ့ သင်ယူထားတာပါ။

ဘာသာစကားတိုင်းက လူမျိုးတိုင်းကို ကိုယ်စားပြုပါတယ်။ ဒီအပြင် လူမျိုးတိုင်းက ဘယ် ဘာသာ စကားတိုင်း ကို မဆို လေးစားတန်ဘိုးထားသင့်ပါတယ်။  

ကမ္ဘာပေါ်မှာ ဘာသာ စကားပေါင်း ၆ ထောင်ကျော်ရှိနေရာက တချို့ဘာသာစကားတွေဟာ တဖြည်းဖြည်း နဲ့ ပျောက်ကွယ်လာနေပါတယ်။  ဒီလို ဘာသာစကားပျောက်ဆုံးမှုဟာ ယဉ်ကျေးမှု ပျောက်ဆုံးတာ လည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံနဲ့ နိုင်ငံတနိုင်ငံက ဘာသာစကားများကို ပိုပြီး လေးစား တန်ဘိုးထားသင့်ပါတယ်။


 

1 comments :

  1. Unknown said... :

    အရမ်းကောင်းတယ်ဗျာ..ခင်ဗျားအတော်လေးကိုမြန်မာစကားကိုပြောနိုင်တယ်လို့ ဆိုရမယ် ပြီးတော့လည်းခင်ဗျားဆိုတဲ့မြန်မာသီချင်းတွေကလည်းကျွန်တော့်ဆီက အဆိုတော်တွေလောက်ကိုကောင်းတယ်ခင်ဗျားကြည့်ရတာ ဂီတဘက်လည်းမဆိုးဘူး ဆက်ကျိုးစားပါခင်ဗျားကိုကျွန်တော်တို့မြန်မာလူမျိုးတွေကလည်းလှိုက်လဲစွာကြိုဆိုပါတယ်ခင်ဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved