လယ်တီဆရာတော်၏ သာသနာ့အမွေ ထိမ်းသိမ်းပေးမည်ဟု ဆို

Wednesday, December 12, 2012

လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သတင်းသုံးခဲ့ရာ ကျောင်းနှင့် စေတီတော်အား နိုင်ငံတော် သမ္မတက အကောင်းဆုံးဖြစ်အောင် ထိမ်းသိမ်းပေးမယ် လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ 
 
လယ်တီဆရာတော်ဘုရား သတင်းသုံးခဲ့ရာ သာသနာ့ အမွေ ကျောင်းနှင့် စေတီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
 
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင် ကြေးနီစီမိံကိန်း ဒေသမှာ ရှိတဲ့ ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီး သတင်းသုံးနေထိုင်ခဲ့ရာ သာသနာ့ အမွေအနှစ်ကျောင်းဆောင်နှင့် စေတီ တို့နဲ့ပတ်သက်ပြီး မုံရွာရှိ ဆရာတော် သံဃာတော်များက မပျက်ဆီးစေရေး လက်မှတ်ရေးထိုး တောင်းဆိုမှု ကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ထံ ပေးပို့ခဲ့ရာ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်ထံ ထပ်မံ ပေး ပို့ခဲ့ရာ သမ္မတမှ အောက်ဖော်ပြပါအတိုင်း အကြောင်းပြန်ကြားလိုက်ခြင်းဖြစ်ပါတယ်။ 
 
သမ္မတ၏ အကြောင်းပြန်ကြားချက်ကို မုံရွာမြို့က ဆရာတော်ဘုရားကြီးများကို မုံရွာမှာ ရှိတဲ့ အုပ်ချုပ်ရေး ပိုင်းက တာဝန်ရှိသူတွေက လိုက်လံ ဆက်ကပ်နေခြင်းဖြစ်တယ်လို့ ဒေသခံများက ပြောကြပါတယ်။ 
 
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved