လက်ပံတောင်အရေး စစ်တွေ သံဃာများ ဆန္ဒဖော်ထုတ်

Wednesday, December 12, 2012



  ဓာတ်ပုံ- မင်းနိုင်သူ
မင်းနိုင်သူ ~
  
စစ်တွေမြို့တွင် မွန်းလွဲ (၁) နာရီခန့်က စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော် များ ဦးဆောင်၍ လက်ပံတောင်းတောင်အရေးနှင့် စပ်လျဉ်းသည့် ဆန္ဒ ဖော်ထုတ်ပွဲ တရပ်ကို အတုလ မာရဇိန် ပြည်လုံး ချမ်းသာ ဘုရားကြီး ပုရ၀ုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။ 

"လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတွေနဲ့ စပ်လျဉ်းလို့ ဦးဇင်းတို့ စစ်တွေသံဃာတွေအနေနဲ့ ထုတ်ပြန်ချက်တစောင်ကို ဒီလ (၆) ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ တယ်။ ဒီကနေ့တော့ သံဃာတွေစုပေါင်းပြီး ဘုရားကြီးထဲမှာ မေတ္တာသုတ်ပရိတ်ရွက်ဖတ်ပြီး ၊ အကြမ်းဖက် ခံရတဲ့ သံဃာတွေအတွက် ဆန္ဒဖော်ထုတ်ကြတာပါ"ဟု စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ဥက္ကဌ ဦးဉာဏက မိန့်ကြားသည်။ 


ယနေ့ပြုလုပ်ခဲ့သော စစ်တွေ သံဃဆန္ဒဖော်ထုတ်ပွဲသို့ သံဃာတော် အပါး (၅၀) ခန့် တက်ရောက်ခဲ့ကြ သည်။ 

"စစ်တွေမြို့မှာ ကာဗျူးအမိန့်ထုတ်ထားတဲ့ကြားက ဆောင်ရွက်ရတာက တကြောင်း ၊ ကျောင်းတိုင်းလိုလို မှာ ကျောင်းတွင်း စာမေးပွဲတွေ ရှိနေတဲ့အတွက်က တကြောင်း၊ သံဃာဦးရေ နည်းပါးတဲ့အတွက် အခြား 
ဒေသများက သံဃာတော်များအနေနဲ့ နားလည်မှု ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ အနေနဲ့ အများအကျိုး ၊ ဒေသအကျိုးဆောင်ရွက်တော်မူကြတဲ့ လက်ပံတောင်းတောင် အကြမ်း ဖက် ဖြိုခွင်းခံရတဲ့ သံဃာတွေနဲ့ ထပ်တူ ထပ်မျှ ခံစားရပါတယ်"ဟု ဦးဉာဏက ဆက်လက်မိန့်ကြားသည်။ 

စစ်တွေသံဃာတော်များအနေဖြင့် ၆-၁၂-၂၀၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကာ အစိုးရ ၊ အာဏာပိုင်များ၏ တုံ့ပြန်မှုအပေါ် မူတည်၍ ဆက်လက် 
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

2 comments :

  1. Anonymous said... :

    အော် ဘုန်းကြိံးတွေနဲ့,, ဆန္နပြတယ်ဆိုလို့ အယ်လ်ဂျာစိံးရားရုပ်သံများမှတ်တယ်..,မူဆလင်တွေဝမ်းသာအောင်လုပ်နေကြတာဘဲကိုး။ တော်ကြပါတော့ လူတစ်ဖြစ်လဲ ဘုန်းကြိံးတွေရယ်..,ငယ်ငယ်ရွယ်ရွယ်နဲ့ လူအထင်ကြိံးအောင်လုပ်ကြဘို့ဘဲ သိတယ်,နောက်ဆက်တွဲလာတော့မဲ့အာဏပြန်သိမ်းမဲ့လမ်းကြောင်းကို တွန်းပို့နေကြတော့မမြင်ဘူး, အ တာတော့မပြောနဲ့တော့။ဒိံလူတွေနဲ့ ကတော့ ကိုယ်နဲ့တန်ရာတန်ရာ ဘဲရမှာပါ။စိတ်သာ လျှော့ကြပါတော့ဗျာ

  1. Anonymous said... :

    2012 ကမ္ဘာပျက်မဲ့ နေ့မရောက်ခင် မြန်မာပျက်ချင်နေပြိံ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved