အဆိုပါရမီရှင် မေသက်ထားဆွေရဲ့ အနုပညာ

Thursday, December 20, 2012


မြန်မာနိုင်ငံက အဆိုပါရမီရှင်လေး မေသက်ထားဆွေရဲ့ ဂျပန်ပြည်ကို ရေးတဲ့စာ အမည်ရ သီချင်းပါ။ သူဟာ အသက်အရွယ်ငယ်သေးပေမယ့် အဆိုပြိုင်ပွဲမှာလည်း ပထမ ဆုရှင်ဖြစ်ခဲ့တာပါ။ 

အမှတ်ပေးဒိုင် လုပ်သူ အဆိုတော်ဖြူဖြူကျော်သိန်းလည်း ပါးစပ် အဟောင်းသားနဲ့ အားပေးတဲ့ ပရိသတ် 
ဖြစ်သွားခဲ့ရတာပါ။ သူဟာ မြန်မာ သီချင်းတွေကိုလည်း အလွန် ပါရမီထူးစွာ သီဆိုနိုင်တာပါ။

  

မြန်မာ သီချင်းဖြစ်တဲ့ အဆိုပြိုင်ပွဲ ဗိုလ်လုပွဲမှာလည်း စန္ဒကိန္နရီ သီချင်းနဲ့ ပထမဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါ တယ်။ နားဆင်ခံစားကြည့်ရင်း ပါရမီရှင် မေသက်ထားဆွေရဲ့ အနုပညာကို အံ့မခန်းဖြစ်မိပါလိမ့်မယ်။


မြန်မာ သီချင်းကိုလည်း အခုလို ပိုင်ပိုင်နိုင်နိုင်သီဆိုထားပါတယ်။ 

4 comments :

  1. Anonymous said... :

    ဖြူဖြူကျော်သိန်းက ပါးစပ်အဟောင်းသားဖြစ်သွားတယ်ဆိုတော့။ အခု မြန်မာပြည်မှ သူက တော်တော်နာမည်ကြီးတယ်လို့ ဆိုလိုတာလား။ ကျွန်တော်ထင်တာကတော့ သူ့အသံကို သူမထိန်းပဲ ကလေးအော်သလိုအော်နေတာပဲတွေ့တာပဲ။ ကလေးတော်တော်များကြိုက်တဲ့အဆိုတော်လို့ပဲတွေးမိတယ်။ လောကကြီးဘာတွေဖြစ်နေတာတုန်းဟ??

  1. မြန်မာအသံသီချင်းကြီးလှိုင်ကိုနှစ်သက်လာအောင် နားထောင်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့ ကလေးလေး ကျနော် ဘယ်တုန်အခါမှာ မြန်မာအသံသီချင်းကြီးလှိုင်ကိုသေချာနာမထောင်ဖြစ်ခဲ့ဘူး... ဒီကလေးလေးနဲ့ကျမှ ဘယ်လိုနှစ်သက်သွားခဲ့ရတယ်... တော်လိုက်တဲ့ အဆိုပါရမီရှင် မေသက်ထားဆွေရယ်...

  1. အားပေးလျှက် အဆိုပါရမီရှင် မေသက်ထားဆွေ

  1. zwinnaing2 said... :

    အခုလို မြန်မာ သီချင်းကြီးကို သံစဉ်တီးလုံး အသံနေ အနိမ့်အမြင့် ပိုင်နိုင်သီဆိုနိုင်စွာ ဆိုပြနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ် ညီမငယ် မေသက်ထားဆွေ ဒီထက်မကသော ကြိုးစားသီဆိုနိုင်ပြီး အောင်မြင်မှုများစွာ ရရှိခံစားနိုင်ပါစေလို့  အမြဲလည်း အားပေးလျှက်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved