လက်ပံတောင်းဆန္ဒပြသူတွေ ဘာကြောင့် မီးလောင်ဒဏ်ရာ ရသလဲ

Wednesday, December 5, 2012

~






 
မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသ သပိတ်စခန်းများကို အာဏာပိုင်တို့က ဖယ်ရှားရာမှာ ဆန္ဒပြသူ အများအပြား မီးလောင်ဒဏ်ရာတွေ ကြီးကြီးမားမား ရရှိခဲ့ပါတယ်။

လက်ပံတောင်းဆန္ဒပြသူတွေ ဘာကြောင့် မီးလောင်ဒဏ်ရာ ရသလဲ ဆိုတာကို စစ်ကိုင်တိုင်းအစိုးရရော ဗဟိုအစိုးရကပါ ရှင်းလင်းပြောဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ သပိတ်စခန်းတွေ ဘာကြောင့် ဘယ်လို ရှင်းလင်းခဲ့တယ် ဆိုတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။
http://blog.irrawaddy.org/2012/11/blog-post_7935.html မှာ ဖတ်ပါ။

မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း လို့ အဲဒီမှာ ရေးထားပါတယ်။ မီးလောင်ရခြင်း အကြောင်းရင်း ရေးမထားပါ။

အဲဒီသတင်းထုတ်ပြန်ချက်ကိုပဲ  နာရီပိုင်းအတွင်းမှာ ပယ်ဖျက်လိုက်ပြန်ပါတယ်။ http://www.president-office.gov.mm/briefing-room/news/2012/11/29/id-2013 မှာ ဖျက်ကြောင်း ခပ်တိုတို ရေးထားပါတယ်။

ဘာကြောင့် မီးလောင်ဒဏ်ရာတွေ ရသွားသလဲ၊ ဒီလို မီးလောင်ဒဏ်ရာများအတွက် ဘယ်ပုဂ္ဂိုလ်များမှာ တာဝန်ရှိလဲ၊ ဘယ်လိုအရေးယူထားသလဲ ဆိုတာတွေကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် မျိုးစုံ ဝေဖန်နေကြပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်သလား ဆိုပြီး မေးခွန်းထုတ်တာမျိုးတွေကိုပါ ကြားကြရမှာပါ။

ဒီလို ဝေဖန်တာ သုံးသပ်တာ ထင်ကြေးပေးတာမျိုးတွေကို အစိုးရ အာဏာပိုင်အဆင့်ဆင့်လည်း သိရှိပြီးဖြစ်မှာပါ။
မိုးမခ အွန်လိုင်း http://moemaka.com/ မှာတော့ ကာတွန်းစောငိုက အထက်ပါအတိုင်း သရုပ်ဖော်ထားပါတယ်။

လက်ပံတောင်း ဒေသနဲ့ သပိတ်စခန်း ဖယ်ရှားမှုတွေအပေါ် ကာတွန်းဆွဲထားတဲ့

စောငိုရဲ့ လက်ရာ အများအပြားကို အောက်ပါ လင့်တွေမှာ ကြည့်နိုင်ပါတယ်။
http://moemaka.com/?p=29659
http://moemaka.com/?p=29681

http://moemaka.com/?p=29719
http://moemaka.com/?p=29778

http://moemaka.com/?p=29598
http://moemaka.com/?p=29522

http://moemaka.com/?p=29625
 























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved