လက်ပံတောင်းဒေသ ဒဏ်ရာရသံဃာတို့ကို တောင်းပန်ဖို့ ၈၈ ပြောပြီ

Monday, December 3, 2012

~


 
လက်ပံတောင်းတောင်ဒေသ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုမှာ ဒဏ်ရာရသွားတဲ့ သံဃာတွေကို ၀န်ချတောင်းပန်ပါလို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

ကြေညာချက် အပြည့်အစုံကို http://3.bp.blogspot.com/-kV0AMz52VT4/ULxX02GaZ3I/AAAAAAAATt8/zcVbEU_BqHk/s1600/000000000000000000099+copy+258.jpg မှာ ဖတ်နိုင်ပါပြီ။

လက်ပံတောင်းတောင်ဒေသမှာ သပိတ်စခန်းဖွင့်ပြီး ကာလကြာရှည်စွာ ဆန္ဒပြနေသူများ  ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖယ်ရှားခံရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှင်းလင်း ဖယ်ရှားရာမှာ
ဆန္ဒပြသူအများအပြား အထူးသဖြင့် သံဃာများ ခန္ဓာကိုယ် အနှံ့ မီးလောင်ကျွမ်းသွားကြပါတယ်။ ဘာကြောင့် ဒီလို မီးလောင်ရတယ် ဆိုတာကို အစိုးရက ခုချိန်ထိ ရှင်းလင်းချက် မထုတ်သေးပါ။

နံနက် ၃ နာရီ ၀န်းကျင်မှာ ဆန္ဒပြသူတွေရှိရာကို သွားရောက်ပြီး ဒီလို မီးလောင်ကျွမ်းအောင် ပြုလုပ်ခဲ့မှုမှာ ဘယ်သူတွေ အဓိက တာဝန်ရှိတယ် ဆိုတာကို မသိရသေးပါ။
ဒေသခံ အာဏာပိုင်တွေ၊ ဗဟိုအစိုးရ အာဏာပိုင်တွေဘက်က သင့်လျော်တဲ့ တောင်းပန်မှု လုပ်မယ့် အရိပ်အယောင်တွေ ထွက်မလာသေးခင်မှာ ၈၈ အဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် ဖြစ်ရပ်ကို ကန့်ကွက်တဲ့  ဆန္ဒပြပွဲတွေ မြို့တချို့မှာ ပေါ်ပေါက်လာပါတယ်။
အဖမ်းအဆီးလည်း ရှိပါတယ်။

အထက်ပါ ဓာတ်ပုံကတော့ ဒီမနက် ရိုက်ကူးထားတာပါ။
လက်ပံတောင်းဒေသအရေး ဆန္ဒပြသူများထဲက ဒီမနက် ရုံးတင်တရားစွဲခံရသူတွေ အချုပ်ကားနဲ့ ရန်ကုန်မြို့တွင်း ရောက်လာပါတယ်၊ သူတို့ရဲ့ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များက သွားရောက် အားပေးနုတ်ဆက်နေကြပုံ ဖြစ်ပါတယ်။ (ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)
























-

2 comments :

  1. မြန်မာပြည်သား said... :

    အစိုးရရဲ့ဖြေရှင်းပုံကအရင်တုံးကအတီုင်းပဲ။ပြောင်းလဲတာဘာမှမရှိဘူး။၈၈-မျိုးဆက်ပြောတာမှန်တယ်။ထောက်ခံတယ်။

  1. လောကပါလ said... :

    တောင်းပန်ရုံသက်သက်ဆိုလျှင်နောက်နောင်လဲအလားတူဖြေရှင်းနည်းထပ်သုံးလာနိုင်ပါသည်။မိမိတို့ ၏တဘ၀စာရပ်တည်မှုကိုပင် သံသရာနဲ့ လဲခဲ့ကြသူများအဖို့ တောင်းပန်ဖို့ လဲမခက် ။ထပ်လုပ်ဖို့ လဲတွန့် နေမှာမဟုတ်တော့ပေ။ဖော်ထုတ်အရေးယူခြင်းဖြင့်ပြစ်ဒါဏ်ပေးစေလိုပါသည်။အရေးမယူကြစေကာမူတူသောအကျိုးကားပေးသာ။ထိုသူတို့ ကားရတနာမြတ်သုံးပါးကိုပြစ်မှားမိချေပြီ။သရဏဂုံပျက်ချေပြီ။တောင်းပန်ခြင်း+ပြစ်ဒါဏ်ခံယူခြင်းဖြင့်သာကုစားနိုင်ရာ၏။ပြစ်ဒါဏ်မှလွတ်မြောက်လျှင်သံဃာသတ်အဖွဲ့ အစည်းမှလွတ်မြောက်ပြီးလူ့ အသိုင်းအ၀ိုင်းမှကြိုဆိုရာ၏။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved