လက်ပံတောင်းအကြမ်းဖက်မှုကို ကချင်အဖွဲ့ ရှုတ်ချ

Monday, December 3, 2012

~


လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုတွင် မျက်လုံးတဘက် ကွယ်ခဲ့ရသည့်  ရဟန်းတပါး (ဓတ်ပုံ - မန်းသားလေး / ဧရာဝတီ)
လက်ပံတောင်းဒေသ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ရှုတ်ချတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဆန္ဒသဘောထားထုတ်ဖော်သည့် လူထုနှင့် သံဃာတော်များအား အကြမ်းဖက်နှိမ်နင်းမှုအပေါ် သဘောထားထုတ်ပြန်ချက် လို့ ကြေညာချက်ကို ခေါင်းစည်း တပ်ထားပါတယ်။

လက်ပံတောင်းဒေသ ဆန္ဒပြသူများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ သိပ်မရှိသေးပါဘူး။ 

ကရင်ပြည်နယ် အခြေစိုက် DKBA (ကလိုထူးဘော) အဖွဲ့ ဗိုလ်မှူးဆန်းအောင်ကတော့ အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ကြောင်း  RFA သတင်းဌာနကို သောကြာနေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့တွေ သဘောထား ထုတ်ပြန်ခြင်း မရှိသလို နိုင်ငံရေးပါတီများကလည်း ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စာနယ်ဇင်းများက ဆက်သွယ်မေးမြန်းရင်တော့ သူတို့ရဲ့ သဘောထားကို ပြောဆိုကြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  ကြေညာချက်ကို http://4.bp.blogspot.com/-7dW_YeN5MiQ/ULxIfRFDJ1I/AAAAAAAATr4/3a5i398Nf6k/s1600/00000+%281%29+copy.jpg မှာ ဖတ်နိုင်ပါတယ်။





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved