အာဆီယံ - အိန္ဒိယ ကားပြိုင်ပွဲ ယာဉ်တန်း မန်းမြို့တော်ရောက်ရှိ

Thursday, December 13, 2012

 အာဆီယံကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

အာဆီယံ -အိန္ဒိယ ဆက်ဆံမှု ချစ်ကြည်ရေး အနှစ် ၂၀ မြောက် ဒုတိယ အကြိမ် ကားမောင်းပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြတဲ့ ၃၁ စင်း၊ ကားယာဉ်တန်းတွေဟာ ယနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့ကို ၀င်ရောက်လာ ခဲ့ပါတယ်။ 


အဆိုပါ ကားမောင်ပြိုင်ပွဲယာဉ်တန်းဟာအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကနေ နိုဝင်ဘာလ ၂၈ ရက်နေ့က တည်းမှ စတင် တာ ထွက်ခဲ့တာပါ။ 

မြန်မာနိုင်ငံတွင်း ဖြတ်သန်းမှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့မှ စတင်လာ ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှ တာလွှတ်တဲ့ အခမ်းအနားကို မြ၀တီမြို့က မြန်မာ နန်း အဆောက်အအုံရှေ့၊ အာရှလမ်းမကြီးပေါ်၌ ကျင်းပခဲ့ပါတယ်။ 

ပြိုင်ပွဲဝင်ပေါင်း ၁၁၁ ဦးရှိပြီး အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၀၃ ဦးတို့ဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ ထိုင်း စသည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့က ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၆ ဦး ပါဝင်ယှဉ်ပြိုင်ရာမှာ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ ဆုပန်ထွာနဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဝေဠုကျော်တို့လည်း ပါဝင်ပါတယ်။ 



အာဆီယံကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ  ဝေဠုကျော်၊ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ 


မြန်မာပြိုင်ပွဲဝင်များ 






1 comments :

  1. Anonymous said... :

    ဒွတ်ခ ဝေဠုကျော် ဘယ်လိုဖြစ်ပီး ကိုပေါက်ဖြစ်သွားတာတုန်း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved