တောင်ငူ နဲ့ ယာဉ်ကြောပိတ်ဆို့မှု

Saturday, December 22, 2012

~





~ မင်းကြီးညိုရုပ်တုရှေ့က တွေ့ရတဲ့ မြင်ကွင်း ~

ကတ္တရာလမ်းပေါ်က မျဉ်းတွေ၊ အမှတ်အသားတွေကို ရေးဆွဲရာမှာ တောင်ငူမြို့ဟာ တခြားမြို့တွေနဲ့ တူချင်မှ တူပါလိမ့်မယ်။
~ မင်းကြီးညိုရုပ်တုဘက်ကို သွားတဲ့လမ်းမှာ ပိတ်ဆို့ထားပုံ ~
မနေ့ညနေပိုင်း တောင်ငူမြို့ အသွားအလာများတဲ့လမ်းဆုံတခုမှာ ဆွဲထားတဲ့ မျဉ်းဖြူမျဉ်းဝါတွေ ဆေးမခြောက်သေးတဲ့အတွက် ဆေးသုတ်သမားတွေက ကြိုးတားပြီး လမ်းပိတ်ပါတယ်။
လမ်းဆုံတခုတည်း ၂ နေရာမှာ ပိတ်အောင် စီစဉ်ညွှန်ကြားခဲ့တာ ဘယ်သူလဲတော့ မသိရပါဘူး။
ပွိုင့်မှာ တပြိုင်နက် ၂ နေရာ လမ်းပိတ်ထားတော့ - မင်းကြီးညိုရုပ်တုဘက်က လာတဲ့ ကားများ မီးပွိုင့်ကျော်ရင် ဘယ်ဘက်ကို  ခဏ ကပ်ပေးရ၊ ရုပ်တုဘက်သွားတဲ့ယာဉ်များလည်း ဆန့်ကျင်ဘက်ယာဉ်ကျောကို ကပ်ပေးရတဲ့အတွက် တရွေ့ရွေ့နဲ့ သွားကြရတာ တွေ့ခဲ့ရပါတယ်။ 

ဝန်ထမ်း အလုပ်သမားတွေကတော့ ခိုင်းတဲ့အတိုင်း လုပ်ရတာပါပဲ။ တာဝန်ရှိသူကတော့ စီစဉ်ညွှန်ကြားသူပါ။
 စီစဉ်ညွှန်ကြားသူမှာ အချိန်အကန့်အသတ် ဆိုတဲ့ အခက်အခဲ ရှိတာ ဖြစ်နိုင်သလို ယာဉ်ကျောပိတ်ဆို့မှုက အရေးမကြီးဘူး၊ အလုပ်တခု ဒီကနေ့ ပြီးသွားဖို့ အရေးကြီးတယ် ဆိုတဲ့ စိတ်ထား ရှိသူလည်း ဖြစ်နိုင်ပါတယ်။




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved