ဦးတိက္ခဥာဏအား ဦးကိုကိုကြီးနဲ့ ဦးအောင်ဒင်တို့ သွားရောက် အားပေး

Friday, December 21, 2012


ဦးတိက္ခဥာဏအား ဘန်ကောက်ဆေးရုံကြီးတွင် သွားရောက် အားပေးနေသည့် ရွှေည၀ါ ဆရာတော်နှင့် ဦးကိုကိုကြီး၊ ဓာတ်ပုံ- ကိုကိုကြီး (၈၈) 

ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့လို့ မီးလောင် ဒဏ်ရာရ သံဃာတော် အရှင် တိက္ခဥာဏ ထံကို ရွှေညဝါဆရာတော် ဦးပညာ သီဟနှင့်အတူ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုကိုကြီးနှင့် အမေရိကန်နိုင်ငံမှ ခေတ္တပြန်လည်ရောက် ရှိနေသော ကိုအောင်ဒင် တို့က သွားရောက် အားပေးခဲ့ကြပါတယ်။ 

 ဦးအောင်ဒင်နှင့် ဦးကိုကိုကြီးတို့ ဘန်ကောက်ဆေးရုံရှိ ဦးတိက္ခဥာဏ အား သွားရောက် အားပေးနေစဉ်

ထိုသို့ အားပေးစကား ပြောကြားရင်း ၈၈ မျိုးဆက်ကျောင်းသားများကိုယ်စား ဦးကိုကိုကြီးမှ ထိုင်း နိုင်ငံ သုံး ငွေကြေး ဘတ်ငွေ ၁ သောင်းတိတိကို လှူဒါန်းခဲ့ပါတယ်။  

ဦးကိုကိုကြီးမှ ဦးတိက္ခဥာဏ မိသားစုဝင် သမီးဖြစ်သူအား ၈၈ မျိုးဆက်ကိုယ်စား ဆေးကုစာရိတ် ဘတ် ၁ သောင်း ပေးအပ်လှူဒါန်းစဉ်

 
ဆေးကုသမှု ကုန်ကျစာရိတ် အလွန်များတာကြောင့် လက်ပံတောင်း သပိတ်စခန်းဖြိုခွဲမှုနောက်ဆက်တွဲ မီးလောင် ဒဏ်ရာရ သံဃာများ ဆေးကုသစာရိတ် မလုံလောက်တဲ့အကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာပေါ်က သတင်းထောက် လင်းသန့် ရေးသားတင်ပြထားတဲ့ ဤနေရာမှာ တဆင့် သွားရောက် ဖတ်ရှု့နိုင်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved