လက်ပံတောင်း သပိတ်ဖြိုခွင်းမှု တောင်းပန်ပြီ

Saturday, December 8, 2012

လက်ပံတောင်းတောင် သပိတ်စခန်းတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး အစိုးရကိုယ်စား သာသနာရေး ၀န်ကြီးဌာနက ၀န်ကြီး သူရ ဦးမြင့်အောင်က ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ပိုင်းက ရန်ကုန်မြို့ရှိ သံဃမဟာနာယက ကျောင်းဆောင်မှာ တောင်းပန်လျှောက်ထားခဲ့ပါတယ်။ 


 ဓာတ်ပုံ- ကြေးမုံ

ကြေးနီတောင် အဖြစ်အပျက်နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများ မသိနားမလည်မှုကြောင့် ချို့ ယွင်း အားနည်းမှုများ ရှိနိုင်တာကြောင့်လို့ သတင်းစာက ဖော်ပြပြီး ဒဏ်ရာရ သံဃာများကို ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုတချို့လည်း စနစ်တကျ စီမံ အကွက်ချမှုများ ရှိတယ်လို့ သတင်းစာက ဆိုပါတယ်။ 

ယခုကဲ့သို့ ရန်ကုန်ရှိ သံဃမဟာနာယက ဆရာတော်ကြီးများကို အစိုးရ ကိုယ်စား သာသနာရေး ၀န်ကြီး က တောင်းပန်ခဲ့ခြင်းနှင့်ပတ်သက်၍ မုံရွာရှိ ထိခိုက်ဒါဏ်ရာရ ရဟန်းသံဃာတော်များကို မတောင်းပန်ဘဲ ဆန္ဒပြမှုတွင် ထိခိုက်ဒါဏ်ရာရသူများ မဟုတ်သည့် ဆရာတော်ကြီးများကို တောင်းပန်ခြင်းနှင့်ပတ် သက်ပြီး ဝေဖန်မှု တချို့ ပေါ်ထွက်နေပါတယ်။

13 comments :

  1. Anonymous said... :

    တောင်းပန်ဒါတောင် ရေးပေးထားတဲ့စာ(ဇာတ်ညွှန်း) အတိုင်းဖတ်ပြ၊ ရန်ကုန်မြို့မှ ရေငုံဆောင်သော သံဃမဟာနာယက ဆရာတော်ကြီးများ ကလည်း တုပ်တုပ်မျှ မလှုပ်။ အတိုင်အဖေါက် တယ်ညီ သကို။ ဟိုး .. အဝေးက မီးသင့်ဆရာတော်တွေ က,တော့ တနေ့တခြား ပိုဆိုးလာလို့၊ ကယ်ပါယူပါ တစာစာအော် နေကြရပြီ။ ဝန်မင်းတို့လည်း တရုတ်ကို ကြောက်ရလွန်းလို့၊ ထင်ရာမြင်ရာ ပေါက်ကရတွေ လျှေက်လုပ်ကုန်ကြပြီ။

  1. Anonymous said... :

    ဒဏ်ရာရ သံဃာများကို ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုတချို့လည်း စနစ်တကျ စီမံ အကွက်ချမှုများ ရှိတယ်လို့ သတင်းစာက ဆိုပါတယ်။
    What did they mean?
    I have seen only one political party doing like that. It is Kyantphout.

  1. Anonymous said... :

    နိုင်ငံရေး အမြတ်ထုတ်မထုတ်တော့ မသိဘူး ဆရာတော်တွေ အတွက်ဆိုပြီး အလူခံသွားတဲ့ ငွေတွေကိုတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတွေက အမြတ်ထုတ်သွားကြ ပါပြီ။

  1. Anonymous said... :

    ဒဏ်ရာရသူတွေကို တောင်းပန်ပါတယ်လို့ ပါပါတယ်။

  1. Anonymous said... :

    ဥပမာ မှားရင်တော့ ခွင့်လွှတ်ပါ။ ကလေးနှစ်ယောက် ရန်ဖြစ်ရင် လုပ်မိတဲ့ ကလေးမိဘက ခံရတဲ့ ကလေးမိဘကို တောင်းပန်ရမှာပေါ့။ ကလေးကို သွားတောင်းပန်တာထက် ပိုအလေးအနက် ထားရာရောက်ပါတယ်။ လုပ်တဲ့ရဲတွေကိ ခံရတဲ့ ကိုယ်တော်တွေကို သွားတောင်းပန်ပေါ့။

  1. Anonymous said... :

    လာပြန်ပြီ အမြတ်ထုတ်တယ်ဆိုတဲ့စကား ကိုယ့်အပြစ်ဝန်မခံတဲ့အပြင် မဆိုင်တဲ့သူများကို ဆွဲထဲ့ပြန်ပြီ ပြီးရင်သူတို့ ပဲအမြတ်ရသွားကြမယ် အခုလဲ သူများကိုလွှဲချပြီး အမြတ်ထုတ်ချင်တာမသိဘူးမထင်နဲ.

  1. Anonymous said... :

    တောင်းပန်ပေမဲ့ ဝေ့လည်ချောင်ပတ် ကြီးပါ။ သတ္တိမရှိတဲ့ တောင်းပန်နည်း ။ နောက်ကြောင်းမလုံတဲ့ အပြုအမူ ။ ဒီပုံစံအတုယူပြီး ကြံဖန်ချီးမွမ်းရရင် ( ဒီလူတွေ အရင်ကနဲ့ ယှဉ်ရင် တောင်းပန်တဲ့ အလေ့ထလေးရလာတာ တော်လာသလိုလို ရှိလာတယ်လို့ ပြောလို့ ရနိုင်တယ်ဆို ငြင်းမဲ့သူ မရှိဘူးလို့ မပြောနိုင်ပါဘူး)

  1. Anonymous said... :

    အကြမ်းဖက်ဖြိုခွင်းတဲ့ ရဲတွေအပေါ် အပြစ်ပုံချလိုက်တာပါ။ တကယ်တော့ အထက်အမိန့်အဆင့်ဆင့်က မီးစိမ်းမပြလိုက်ဘဲနဲ့ အကြမ်းဖက်ဖြိုခွင်းမှု မဖြစ်လာနိုင်ပါဘူး။ သာသနာရေးဝန်ကြီးကလည်း ဗြောင်လိမ်ဗြောင်ငြင်းလိုက်ဖို့ တာဝန်ပေးခံရတာပါ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်အပေါ်မှာ တာဝန်ခံရဲတဲ့ သတ္တိ မြန်မာအာဏာပိုင်များမှာ မရှိသေးပါဘူး။ လက်ပံတောင်းတောင် အကြမ်းဖတ်ဖြိုခွင်းမှုဟာ စစ်အာဏာရှင် အဆက်ဆက်က ကျူးလွန်လာခဲ့တာတွေနဲ့ တစ်ထေရာတည်းပါပဲ။ တသက်လုံး ရုပ်ပျက်ဆင်းပျက် အမာရွတ်တွေ ထင်ကျန်သွားတော့မယ့် ဆိုးဆိုးရွားရွား ထိခိုက်နာကြင်တဲ့ ဝေဒနာ
    ခံစားကြရတဲ့ သဃာတော်အရှင်သူမြတ်များနဲ့ ပြည်သူများကို ကိုယ်ချင်းစာစကား တစ်လုံးမျှမပါဘဲ နိုင်ငံရေးကစားတယ်လို့တောင် စွပ်စွဲလိုက်ပါသေးတယ်။ ဒါကတောင်းပန်တာမဟုတ်တဲ့ အပြင် ပြည်သူတွေရဲ့ စိတ်မှာထင်ကျန်နေတဲ့ အမာရွတ်ကို ပိုပြီးနက်ရှိုင်းစေတယ်။
    အမှားလုပ်တယ်။ အမှားကို ဝန်မခံရဲဘူး။ ကိုယ့်အမှားကို ရှောင်ရှားဖို့ ကြိုးစားတယ်။ ထိခိုက်နာကြင်စွာ ခံစားနေရသူတွေကို အပြစ်ပြန်ဖို့တယ်။ လူသားတစ်ယောက်အနေနဲ့ အင်မတန်စိတ်ဓါတ် ရင့်ကျက်မှုမရှိတဲ့ အပြုအမူတွေပါ။ ပြုပြင်ပြောင်းလဲမှုဆိုတာ ရုပ်ပိုင်းပြောင်းရုံနဲ့ မရပါဘူး။ အတွင်းမှာ အရိုးစွဲနေတဲ့ စရိုက်ဆိုးတွေကို ပယ်နှုတ်ပြုပြင်သွားရမှာပါ။ မြန်မာနိုင်ငံရဲ့ အောက်ခြေအဆင့်မှ အထက်ဆင့်တိုင်အောင်သော အုပ်ချုပ်သူတွေဟာ ဂျပန်လိုနိုင်ငံမျိုးမှ တိုင်းပြည်အုပ်ချုပ်သူများရဲ့ အမူအကျင့်ကို အတုယူလေ့လာ ကြဖို့လိုနေပါတယ်။

  1. စစ်အစိုးရခေတ်က သတင်းစာဟောင်းကြီးကို ပြန်ဖတ်လိုက်ရသလို စိတ်ထဲမှာ ခံစားမိပါတယ်။

  1. Anonymous said... :

    တောင်းပန်တယ်ဆိုတော့လဲ...ကျေနပ်၇မှာပေါ့...ဒါပေမဲ့....နောက်ထပ်ဒီလိုမျိုးမဖြစ်အောင်...အစိုး၇အနေနဲ့...ဆင်ခြင်ဘို့တော့လိုလိမ့်မယ်...အခုထိလဲ...ဘယ်သူကအမိန့်ပေးလို့လုပ်ရပါတယ်..မသိ၇ဘူး...နေ၀င်းလက်ထက်ကလဲ...ဒီလိုဘဲ...ဟိုလူ့လက်ညှိုးထိုး..ဒီလူ့လက်ညှိုးထိုးနဲ့...ကျောင်းသားသမဂကြီး..ဘယ်သူဖြိုမှန်းမသိဘူး.....

  1. Anonymous said... :

    တစ်ခုခုဆိုရင် နောက်ကွယ်က နိုင်ငံရေးသမားတွေက ကြိုးကိုင်နေတယ်.. ဘာ..ညာ.. ဒါမျိုးစကားတွေဟာ အခုချိန်မှာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။
    ကဲ.. နိုင်ငံရေးသမားတွေ နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ပဲ ထားပါဦင်္း၊ လက်ပံတောင်းတောင် အရေးမှာ ဘာအတွက် နိုင်ငံရေးသမားတွေက ကြိုးကိုင်ရတာလဲ။ သေချာတာ တစ်ခုကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ့်အမြင်နဲ့ကိုယ် ကောင်းစားစေချင် ကြလို့ပဲ။
    ဒီမိုကရေစီ အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအလွှာအသီးသီးတွေ အားလုံးနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ all inclusive အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆိုပြီး ဦးသိန်းစိန်ကိုယ်တိုင် ပြောပြောနေတာပဲ။ ဒီလို ရင်ကြားစေ့ရေးကို လုပ်နေပါတယ်ဆိုရင် လက်ပံတောင်းတောင်မှာ နောက်ကွယ်က ကြိုးကိုင်နေပါတယ် ဆိုတဲ့ နိုင်ငံရေးသမားတွေနဲ့ ဘာလို့ စေ့စပ်ညှိနှိုင်းမှု မလုပ်နိုင်ရတာလဲ။ လက်ပံတောင်းတောင် ပြည်သူတွေနဲ့ ဘာလို့ မညှိနိုင်းနိုင်ရတာလဲ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ လူတွေနဲ့တောင် စေ့စပ်ညှိနှိုင်းတယ်ဆိုရင် အခုလို လက်နက်မဲ့ပြည်သူတွေနဲ့ ဘာလို့ မစေ့စပ်နိုင်ရတာလဲ။ ဒီမိုကရေစီနိုင်ငံရေးမှာ အမြင်မတူ၊ အတွေးအခေါ်မတူတာကို အားလုံးပေါင်းစပ်ပြီး တိုင်းပြည်ရဲ့ အားတစ်ခုလို အသုံးချရမှာပါ။ အခုဟာက သူတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာက ငါ့အကျိုးကို မထိတဲ့သူ၊ နှစ်ဖက်ပေါင်းပြီး တိုင်းပြည်ပေါ် အမြတ်အတူတူ ထုတ်လို့ရတဲ့သူဆိုရင် ပေါင်းကြမယ်။ မဟုတ်ရင် မပေါင်းဘူး မညှိနှိုင်းနိုင်ဘူးဆိုတာက လုံးဝ၊ လုံးဝကို မှားနေတဲ့ လမ်းစဉ်ကြီးပါ။ ကိုယ့်ရဲ့ပါတီ နိုင်ငံရေးအဖွဲ့အစည်းကလွဲလို့ ကျန်တဲ့ နိုင်ငံရေးအဖွဲ့တွေ လူတွေအားလုံးကို ရန်သူလို့ မြင်နေမယ်ရင် သမ္မတကိုယ်တိုင် ခံယူချက် လွဲနေတယ်လို့ ပြောချင်ပါတယ်။ အခုလို တောင်းပန်တယ်ဆိုပြီး နောက်ကွယ်က ကြိုးကိုင်နေလို့ အကြမ်းဖက်ဖြိုခွင်းပါတယ် ဆိုရင် ဦးသိန်းစိန်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အတုအယောင်ကြီးဆိုတာ သိပ်ကို ထင်ရှားလွန်းနေပါတယ်။
    အကြမ်းဖက်လို့ ဘ၀ပျက်သွားရတဲ့ သံဃာတွေကို တောင်းပန်မယ်ဆိုရင် အရိုးသားဆုံးစကားလုံးတွေနဲ့ ကိုယ့်အပြစ်ကို ၀န်ခံပြီးတောင်းပန်တာဟာ အဆင့်လည်းရှိတယ်၊ ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ခံရမယ်။ ပြောရရင် နိုင်ငံရေးတောင် အမြတ်ထွက်သွားပါဦးမယ်။
    အခုတော့ လူကြီးလူကောင်းမဆန်တဲ့ ကိုယ့်အပြစ်ကို ၀န်မခံဘဲ ဟိုလွှဲချ၊ ဒီအပြစ်ပြောလုပ်နေတာဟာ မရင့်ကျက်ခြင်း၊ သေးသိမ်ခြင်း၊ ရည်မှန်းချက် မစစ်မှန်ခြင်းတွေကို ပြသနေတာသာဖြစ်တယ်။
    တကယ်တော့ လက်ပံတောင်းတောင် ပြဿနာမှာ ရိုးသားတဲ့ပြည်သူတွေ၊ ရိုးသားတဲ့ သံဃာတွေ၊ ရိုးသားတဲ့ တက်ကြွလှုပ်ရှားသူတွေကြီးပဲ ပါဝင်တာပါ။ သူတို့ကိုက သူတို့အကျိုးစီးပွား ထိခိုက်လာရင် ဟိုရမ်းချင်၊ ဒီမဲချင်နဲ့ အားလုံးကို မျက်မှန်စိမ်းတပ်ပြီး ကြည့်နေတော့ တစ်လွဲတွေ မြင်နေတာပါ။
    ဦးမှုးဇော်တို့၊ သမ္မတနားက အကြံပေးတွေ၊ ၀န်ကြီးတွေ အရှိတရားကို ရိုးရိုးရှင်းရှင်း မြင်ပြီး သမ္မတကို သတ္တိရှိရှိ အရည်အချင်းရှိရှိ အကြံတွေ ပေးကြပါဗျာ။ အခုလို တောင်းပန်တာမျိုးက အစိုးရအဖွဲ့ ပိုပြီးသိက္ခာကျပါတယ်။ ခင်ဗျားတို့ အနားမှာရှိနေတဲ့လူတွေ အရည်အချင်း ပြည့်ဝရင် ဒီလို ဖြစ်ဖို့မကောင်းဘူး။

  1. mayzawkhin said... :


    because of U G
    because of communist
    because of destructive elements

    because of V O A
    because of B B C
    because of Pyi Pa Ka Media

    because of .. etc
    because of ..etc.

    such kind of accent is still there. The accent of B S P P later Kyant Phoot .. and now .. still components of such accents still there.
    They , themselves, do not do their job well. Still no responsibility.
    Still mismanagement.
    Still can not sort things out of their ' thousands of messy situations ' in acceptable ways.
    and Still lying. and Still ' blaming ' others. Still protecting the true criminals.

    Don't know how to manage

  1. Anonymous said... :

    ဆဒ္ဒန်ဆင်မင်း`၏ အစွယ်ကိုလိုချင်သူ မိဘုရား၊ အမိန့်ပေးစေခိုင်းသူက မင်းဧက္ကရာဇ်။ အစွယ်ကိုဖြတ်သူ မုဆိုး သောနတ္တရ။ အပြစ် အကြီးဆုံးက မုဆိုးပေါ့။
    ကြားဝင် တောင်းပန်တာခံယူ ။ ကြားဝင်ပြီးခွင့်လွှတ်ပေး။
    အစားထိုး အာပတ်ဖြေလို့ရပါ သလား။
    ပြုလုပ်သူသာ အပြစ်ကြီးကျူးလွန်တာ။
    ပြုလုပ်ခံရသူ`၏ စိတ်အနာမပျောက်၊ပြင်ပ ခန္ဓာအမာရွတ် တင်ကျန်နေသေးသမျှ ကာလပတ်လုံး အဲ့ဒီ အပြစ်မကြေနိုင်သေးပါ။ စဉ်းစားပါ။ မာန်တွေမာန တွေမထားဘဲပြုလုပ်ခံရသူတွေကိုတိုက်ရိုက် တောင်းပန်ခြင်းအားဖြင့် အားလုံးကြေအေး သွားရင်ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved