ကျွန်တော့်ကိုယ်စားမေးပေးပါ
Friday, December 7, 2012
~
ကိုမျိုး (မြန်မာစာ) ~
သပိတ်စခန်း ဖယ်ရှားမှုတွင် ဘယ်ဘက် မျက်လုံး ကွယ်သွားသော ဆန္ဒပြ သံဃာပါး..(ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းအရင်းများအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့် အချက်များအား ပယ်ဖျက်ကာ
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းတာ ကော်မရှင်မှာ ပါမည့်ပါသည့် ပုဂ္ဂိုလ်များ ဆန္ဒအရ ဟုတ်မဟုတ်နှင့်
ပြင်ဆင်ဖွဲ့ စည်းသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မူလ နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သော အဖွဲ့ဝင် ၃၀ ဦး မှ အဖွဲ့ဝင် ၁၄ဦးလျော့ချခြင်းသည်လျော့ချခံပုဂ္ဂိုလ်များ ဆန္ဒ
သို့တည်းမဟုတ် ကော်မရှင်တွင်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များဆန္ဒ
သို့တည်းမဟုတ် နိုင်ငံတော်သမ္မတ၏ ဒုတိယအတွေး ဆန္ဒပေလားဟု သိလိုခဲ့ရာ.........
" အချက်တွေဖြုတ်ပယ်တာ မဟုတ်ဘူး။  ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။  ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပါ။  လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်”
ဟုကော်မရှင်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ရဲ့ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပြီး
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဆန္ဒသဘော ထားဖေါ်ထုတ်မူနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်း
များရှိ ရဟန်းရှင်လူတို့ မီးသင့်ဒါဏ်ရာ ရခဲ့ရမူ့ ကြောင့်
လမ်းပေါ်ထွက် ဆန္ဒသဘောထားဖေါ်ထုတ်မူတို့ အပေါ်
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ သဘောထား မည်သို့ ရှိသည်” ကို
သိလိုစိတ်ရှိခဲ့သေးပြန်ရာ...
“မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။  ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။  ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"
ဟု ကော်မရှင် ဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီးဖြစ်သလို အခြားသိလိုရာများကို သိချင်နေပြန်သေးပါသော်လည်း
“လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခြင်းနှင့်ပတ်သက်၍ မိမိတို့ကော်မရှင်က သေချာစွာ စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း၊ အားလုံးပြီးစီး၍ အဖြေရမှသာလျှင် သတင်းများထုတ်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် သတင်းထောက်များကို သီးခြားဖြေကြားမည် မဟုတ်ကြောင်း” တင်ကြိုဖြေကြားလိုက်ပြီဖြစ်သည်။
သို့ ပါသော်လည်း စာနယ်ဇင်းသမားတစ်ဦးအနေနှင့်မဟုတ်သည့်တိုင် ပြည်သူထဲကပြည်သူတစ်ဦး အနေဖြင့် သိလိုနေသေးသော မေးခွန်း များစွာ လိပ်ခဲတည်းလည်းရှိနေသေးသည့်အနက်မှ အောက်ဖေါ်ပြပါ မေးခွန်းနှစ်ခုကို "အစိုးရရဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမယ် ဆိုရင် မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်"လို့ ပြောကြားပါသော ကော်မရှင်ဥက္ကဋ္ဌ ကျွန်တော်တို့ အမေ( ဒေါ်အောင်ဆန်းစုကြည်) ကိုသာ “ကျွန်တော့်ကိုယ်စား မေးပေးပါ” လို့ မ၀ံ့မရဲ မေတ္တာရပ်ခံလိုက်ချင်ပါတော့၏။
မေး။  ။ (၁)“သတ္တ၀ါနှင့် လက်နက်မျှ၏မမျှ၏”
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲခြင်း ဟူ၍ အကြမ်းဖက်ဟူသော အသုံးအနှုန်း ရေးသား ပြောဆိုနေကြရလောက်အောင် ရဟန်းရှင်လူတို့  မီးသင့်ဒါဏ်ရာရခဲ့ရမှု နှင့်
သတ္တ၀ါနှင့် လက်နက် မျှ၏မမျှ၏အား ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့ ၏သဘော ထား အမြင် ယူဆချက်(အွန်လိုင်းစာမျက်နှာများပေါ်နှင့် ဂျာနယ်စာမျက်နှာများက ပုံများကြည့်ရုံမျှနှင့် သဘောထားအမြင် စိတ်ခံစားရမှု ဖြေကြား ထုတ်ဖေါ်ပြောကြဖို့ လုံလောက်မည် ထင်ပါ၏။ 
အနာများ အကျက်မြန်ဖို့ မှာ ပဋိဇိဝဆေးများ အစွမ်းထက်ဖို့ သာမက လူသားချင်း စာနာစိတ် မေတ္တာဓါတ်ဆေးစွမ်းထက်ဖို့ မှာလည်း အထူးအရေးပါလှပါ၍ တိုက်တွန်း သတိပေး မေးမြန်လိုခြင်းဖြစ်ပါ၏)”
မေး။  ။ (၂)“ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခဒီရေ ကျ၏ မကျ၏”
“စစ်ဖြစ်ပွားရာနိုင်ငံများ၌ပင်လျှင် ၄င်းတို့  ကိုးကွယ်ရာဘာသာတို့ ၏ အထွဋ်အမြတ်နေ့ ရက်တွင် အပစ်အခတ်ရပ်နားထားတက်ကြသည်ဖြစ်၍
ဗုဒ္ဒဘာသာတိုင်းပြည်လည်းဖြစ် ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မူပြုထားသော တိုင်းပြည်တွင်း ဗုဒ္ဒဘာသာဝင်တို့ ၏ ကောင်းမူကုသိုလ်များ အထူးပြုလုပ်ကျင်းပသည့် အခါကြီးရက်ကြီး နေ့ ထူးနေ့ မြတ် အခါသမယ လပြည့်နေ့တွင်
ပစ်ခတ်မူပြုသင့်၊  မသင့်ကို လက်နက်ကိုင် တပ်ဖွဲ့  အကြီးအကဲများ၏ယူဆချက်
(လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းရှိ သပိတ်စခန်းများကို နှိမ်နင်းမူသာမက လွန်ခဲ့သော၅နှစ်က ရွှေဝါရောင် သပိတ် နှိမ်နင်းမှုကိုလည်း ရည်ညွှန်းလိုပါသော်လည်း ယခုအခါ အစိုးရအသစ်ပြောင်းခဲ့ပြီဟူသည့် ဒီမိုကရေစီ နိုင်ငံတော်ခရီးလမ်းအပေါ် လေးစားပေးခြင်းအားဖြင့် လတ်တလောကိစ္စကိုသာ ရည်ညွှန်းပါမည်။ 
ထိုနည်းတူ စီးပွားရေး၊ လူမူရေးသက်သက် နိုင်ငံရေးမျိုး မဟုတ်ဘဲလူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သွားစေနိုင်မည့် ပဋိပက္ခများထပ်မံ မဖေါ်ဆောင်နိုင်ရန်ကိုင်တွယ်မှုမျိုးတွင် ဂူမြင်လျက် ရှေ့ တိုးခြင်းမျိုးလုပ်လေ့ မရှိကြသည့် အဓိကရုဏ်း နှိမ်နှင်းရေးတို့ ၏သဘာဝနှင့်၊
စစ်အုပ်ချုပ်ရေး မဟုတ်သော လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် ကိုယ်တစ်ဖတ်ကမ်းခတ် အထူး သိရှိ နားလည် တတ်ကျွမ်းသည့် ပညာရပ်တွင်
ယခု ကိုင်တွယ်ဖြေရှင်းမှု ပစ်ခတ်ခြင်းရလဒ်က ပဋိပက္ခ ဒီရေ ကျ၏ မကျ၏ကို သုံးသပ်ကြမည်သာ။
သို့ ပါ၍ ပေါ့စေလို၍ ကြောင်ရုပ်ထိုးခြင်းကနေ ဆေးအတွက် လေးရခြင်းမျိုး ဝေဒနာ နောင်အခါ ကင်းရလေအောင် မေးလိုခြင်းဖြစ်၏)”
ဟုတ်ကဲ့ ......စိတ်မရှိကြပါနဲ့ ..........ဒီမိုး၊ ဒီရေ၊ ဒီလူတွေနှင့် ဒီမိုကရေစီရေစီးနောက် မလိုက်ဝံ့တော့သော စိတ်ဆန္ဒ မပေါ်မီ အချိန်မီရေးခြင်းဖြစ်ပါ၏။
-
6 comments :
  1. Anonymous said... :
    ရဲရဲဝင့်ဝင်မေးလည်း မေးလို့ရပါတယ်။ မေမေက ဖေဖေ ဦးသိန်းစိန်နောက်လိုက်သွားပါဘီ။ နိုင်ငံတော် မတရားဥပေဒွေ စိုးမိုးရေးအတွက်ပေါ့။ ပြောပြန်ရင်လည်း အောင်းမင်းလွန်တာတော့မဟုတ်ဘူးပေါ့နော်။ ကိုအောင်မင်းကတော့ လွန်တာပေါ့။ မေမေက နိုင်ငံခြားတိုင်းပြည်တွေကရတဲ့ ဒီမိုကရေစီလိုဖြစ်ချင်လို့ လိုက်ညှိနေတာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီက အဲဒီလိုမှ မဟုတ်ပါ။ အားလုံးလည်းမြင်မှာပေါ့နော်။ ဟိုးနေ့က မေမေနဲ့ မီဒီယာခေါ် သတင်းသမားတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာမေးကြတာလဲ မေမေက ဒေါမနသတွေဖြစ်လို့။ ဒီလိုမျိုးမေးရမလားပေါ့။ မေမေစုံစမ်းစစ်ဆေးမှုတွေလုပ်နေတာကို။ ဒါပေမယ့် မေမေပြောတာကလည်း ပြည်သူလူထုအားလုံးကို စိတ်ကျေနပ်စေတဲ့အဖြေတော့မဟုတ်ဘူးတဲ့။ အဲဒီလိုဖြစ်ဖို့လုံးဝမလွယ်ဘူးတဲ့။ သြော်၊ ဟိုးအရင် သူမဖြစ်တုန်းကတော့ ပြည်သူလူထု အားလုံးက တစ်စိတ်တည်း တစ်ဝမ်းထဲပါ။ ထားပါတော့။ နောက်နေတာမဟုတ်ဘူး။ အခုခေတ်က မေးစရာရှိတာကို ရဲရဲမေးပြီး ဆုံးဖြတ်စရာရှိတာကို ရဲရဲဆုံးဖြတ်။ ဒါပေမယ့် ဟိုးအရင် သဘောအရတော့ နိုင်ငံရေးဆိုတာ ကြိုးစင်နဲ့ထောင် နှစ်ခုပဲရှိတယ်။ အဲဒီဝါဒကို ပြန်စွဲကိုင်နိုင်တယ် လုပ်နိုင်တယ်ဆိုရင်တော့ ပြတ်ပြတ်သားသားတာလုပ်ကြပါ။ တရုတ်ကမြန်မာပြည်ပေါ်မှာ ကျေးဇူးရှင်ဖြစ်သလို ဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်ကျေးဇူးရှင်ဖြစ်နိုင်ပါတယ်။
  1. Anonymous said... :
    ဟုတ်တယ်ဗျာ။ အမြင်မကျယ်ဘူးလို့လဲပြောလို့ရတယ်။ ဒေါ်စုပြောသလို လက်ပန်းတောင်တောင် အရင် မဆလ လက်ထက်ကတည်းက စလုပ်ခဲ့တာပါပေါ့။ နှစ်ဦးနှစ်ဘက် ညှိနှိုင်းခဲ့တယ်ကြတယ်ဆိုပေမယ့် ဘယ်ပြည်သူလူထုကမှ မသိဘူးလေ။ ဘယ်သူကပိုက်ဆံယူစားမှန်းလဲမသိ။ ပြောတာကြိုက်ပါတယ်။ ကျွန်မက ဘယ်အစိုးရလက်ထက်ကပဲဖြစ်ဖြစ် အားလုံးက အခုအချိန်မှာ နိုင်ငံသားတိုင်းနဲ့ဆိုင်တယ် ဆိုတာကို လက်ခံလို့တော့သိပ်မရဘူး။ အစိုးရက သူ့ဘာသူလုပ်ပြီး သူ့အိတ်ထဲသူထဲသွားတာ အခုအချိန်မှာ အဲဒီအကျိုးဆက်ကို ဆက်ခံရမယ်ပေါ့။ ဒါတော့ ဘယ်လိုမှ မတရားဘူးဗျာ။ မတရားခဲ့တဲ့နှစ်တွေလည်း များပါဘီဗျာ။ တတ်နိုင်ရင် ပြန်ပြီး အာဏာသိမ်း အုပ်ချုပ်လိုက်ပါ။ အဲဒါပိုပြီး အဆင်ပြေတာပေါ့။
  1. Anonymous said... :
    ထောက်ခံတယ်။ ပြန်အာဏာသိမ်းလိုက်။ အားလုံးလဲ ဘာမှ လုပ်စရာမလိုတော့ဘူး။ စစ်အစိုးရပေါ့။ အခုတော့ ဒီမိုကရေစီအစိုးရလိုလိုနဲ့ စစ်အစိုးရဖြစ်နေတယ်။ အခွင့်အရေးတွေ အဲဒီလိုမပေးနိုင်ရင်လည်း ပြန်အာဏာသိမ်းလိုက်ပေါ့။ အခုတော့ အရူးအစိုးရနဲ့ အရူးပြည်သူဖြစ်နေတယ်။ ဒီမိုကရေစီပြောပြီး သူတို့ဖြစ်ချင်တာတွေပဲသူတို့လုပ်နေတယ်။ အမေစုကပြောတယ်။ ဒီမိုကရေစီဆိုတာညှိနှိုင်းမှုရှိရတယ်တဲ့။ အခုဟာက အစိုးရကိုယ်တိုင်က ညှိနှိုင်းမှုမရှိပဲ ငါပြောသလိုလုပ် ဖြစ်နေတာကို အမေစုက ထပ်ပြီးပြည်သူကို ညှိခိုင်းနေတယ်။ သိပ်အဆင်မပြေဘူး။ ဒီထက်ညှိရရင်လည်း တပ်နဲ့ ရဲတပ်ဖွဲ့ဆန္ဒအရ အားလုံး ထောင်ထဲဝင်ရမလိုဖြစ်နေတယ်။ လုပ်ကြပါ လုပ်လို့ရကြတုန်းပဲကိုး
  1. Anonymous said... :
    မ၀ံ့မရဲမလုပ်ပါနဲ့။ ရဲရဲနဲ့အားရပါးရမေးစမ်းပါ။ သမိုင်းဆိုတာ တပတ်ပြန်လည်စမြဲပါ။ ခေတ်ကလေးတွေတော့ဘယ်သိမတုန်း၊ သခင်စိုးတို့လက်ထက်မှီတဲ့သူတွေသိပါတယ်။
  1. Anonymous said... :
    ဒီနေ့ ဒေါ်စုသတင်းစာရှင်းလင်းပွဲမှာ ဒေါသတွေထွက်နေတာတွေ့ပါတယ်။
    အားလုံးမသိတာတစ်ခုတော့ပြောပြမယ်။ ဆောရီးပါ။ ဦးသန်းရွှေက ပက်လက်ကုလားထိုင်ကြီးမှာ စာအုပ်ထိုင်ဖတ်နေပြီး ဦးသိန်းစိန်က ဆိုဖာပေါ်မှာ အဲယားကွန်းဖွင့်ပြီးအိပ်နေတယ်။ လူ (မိုက်) ငှားထားပြီးလို့။ ဆဲချင်သူများဆဲလို့ရပါတယ် :)
  1. May said... :
    Thanks Ko Myo!
    Actually, I also have many questions to ask DASSK with all of my heart.
    But, it is not possible, I understand.
    Finally, I realized that we have lost our valuable unbiased public leader.
    Now, DASSK is an obedient representative of that stupid government and and selfish group.
    I am very sorry for it.
    Now, she is not our mother.
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved