လွတ်လပ်ရေး ယူပေးခဲ့တာ အရပ်သား ဦးအောင်ဆန်း ဖြစ်တယ်

Tuesday, December 25, 2012

အင်တာလနက်လူမှု စာမျက်နှာတွေပေါ် မှာ လူကြိုက်များတဲ့ ပို့တခုပါ။  နိုဝင်ဘာလ ၃၀ ရက်နေ့က စာပေဟောပြောပွဲမှာ ပြောခဲ့တဲ့ မင်းကိုနိုင်ရဲ့ စကားပါ။ ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။ 

မင်းကိုနိုင်

"သမိုင်းအမှန်ကို ဖျောက်ဖျက်ပစ်ပြီးတော့ ရုပ်ဖျက်ပစ်တာမျိုးကိုတော့ ကျနော်တို့ သဘောတူလို့ ဘယ်လိုမှ မရပါဘူး။ 

လွတ်လပ်ရေးကို ဘယ်သူယူပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သမိုင်းအမှန်ကို သိကြဖို့လိုပါ တယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ် တယ်လို့ ပြောတယ် ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။ ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲ ကွဲကွဲ ဖြစ်ဖို့လိုပါတယ်။ 

ဘာကြောင့် ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲ ရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီးနဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော်ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင် ချွတ်လိုက်ပါတယ်။ 

အရပ်ဝတ် အရပ်သား စစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူ မဲဆန္ဒနယ်ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင်ပါတယ်။ အဲသည့် ဦးဆောင်ဆန်းကနေ လက်မှတ်သွားထိုးတာပါ။ တော်တော်ရှင်းပါတယ်။ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။ ဖဆပလ အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်း ရေးထိုးခဲ့တဲ့ အောင်ဆန်း-အက်တလီ ပါ။ 

ဒါကြောင့် ကျနော်တို့ သမိုင်းရဲ့ အရေးကြီးဆုံး တချက်ထဲကို ကျနော်တို့ ကြံ့ကြံ့ခံ ရပ်တည်နေရမယ်။ လွတ်လပ်ရေးဟာ ပြည်သူတွေကိုယ်တိုင်ယူခဲ့တာပါ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ တဦးတည်း ရယူခဲ့တာ မဟုတ်ပါဘူး။

ပြည်သူ့စွမ်းအားနဲ့ ယူခဲ့တာပါ။ လက်နက်ဘယ်လောက်ကောင်းကောင်း၊ တပ်ဖွဲ့တွေ ဘယ်လောက်များများ ဖက်ဆစ်ကို တော်လှန်တုန်းက ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ မိန်းမတွေရော အကုန်လုံး ဝိုင်းကူခဲ့လို့ အဲသည့်တော်လှန်ရေး အောင်ခဲ့တာပါ။ 

 (မင်းကိုနိုင်) 

ကိုထွန်းဝေ စာမျက်နှာမှ

11 comments :

  1. မင်းမနိုင် said... :

    အဲဒီတုန်းက တပ်မတော်အပေါ်အပြစ်ရှာနေတဲ့ ၈၈အဖွဲ့မျိုးဆိုတာ မရှိဘူး၊ အဲဒီတော့ တပ်မတော်နဲ့ပြည်သူတွေက စည်းလုံးကြတယ်။ ယနေ့ကာလမှာတော့ တပ်မတော်အပေါ်အမြင်မကြည်လင်တဲ့ မီဒီယာတွေရော၊ ၈၈ အဖွဲ့တွေရော ဘာတွေလုပ်နေလည်း ကိုယ့်ကိုကိုယ်စဉ်းစားကြည့်ကြပေါ့....

  1. Anonymous said... :

    စစ်တပ်က အပုပ်နံ့ တစ်ထောင်ထောင်း ထွက်နေလို့  ဖြစ်မယ်။ ယနေ့ စစ်တပ်က ဘယ်လောက် အပုပ်နံ့ထွက်ပြီး သိက္ခာ ဘယ်လောက်ရှိနေလို့ လဲ။

  1. Anti Blind-patriot said... :

    To "Min Ma Naing"!! try to read much more about history and others. there was/were not 88' Gen Students alike organizations to oppose with so called "Tadmadaw" because Tadmadaw that time was different from Tadamadaw of military regime. it is as simple as that. Armed forces and people of Burma were united because Armed forces were led by a honest, true leader. so there was no need/not much to criticize Tamadaw. Nowadays or throughout history, after General Nay Win took over power in Burma in 1962, what did Tamadaw do mostly??? perhaps... we might thank Tamadaw for repelling communists, but apart from that nothing else. Corrupted, brutal, brainless people overwhelmed Tamadaw. Be mature and wise, Min Ma Naing!!

  1. Unknown said... :

    တပ်မတော်ကိုနောက်ခံထားပြီး လုပ်ချင်တာတွေ လုပ်နေလို့ မီဒီယာ နဲ့ ၈၈အဖွဲ့ တွေအပြင်ဒီမိုကရေစီ အင်အားစုတွေက အမြင်မကြည်တာမဟုတ်ဘူး မကြည့်ချင် မမြင်ချင်တော့ တာပါ။

  1. Unknown said... :

    တပ်မတော်ကို ခုတုံးလုပ် ရှိသမျှ အကုန်နိုက်ထုတ်နေတဲ့ အခုခေတ် စစ်ခေါင်းဆောင်တွေအကြောင်းပြောရတာ တပ် မတော်ကို အားနာပါတယ်။

  1. SAW said... :

    Bogyoke Aung San's speech on communists

    "When the communists are unable to attack us using workers they are
    now thinking of using the students to attack us. Among the members of
    the executive committee of the All Burma Students Union are those who
    are under the influence of the communists.

    The communists control the
    All Burma Students Union through these members. The ABSU through the
    influence of these members, decided to get the students in the whole country go on a strike and at that time we were rather busy in
    connection with the talks to be held in England."

    "The plan of the communists was to turn out many "Bo Aung Gyaws" while
    the AFPFL (Hpa-Hsa-Pa-La) was on the government. Then, they will point an accusing finger at the AFPFL and set the people against the AFPFL.

    What an evil and ruthless plan!"

    "Since the communists have not succeeded in attacking the AFPFL using the students, they are now attacking us using the peasants. The looting of rice-in the districts and townships was undertaken according to the decision of their Pyu Conference. I don't need to have to explain why they are looting rice. Are they looting rice because they are really starving or because they want to push the AFPFL into a tight corner? This has been made plain in the explanations given by the Minister for Home".

    "Now that the people have heard what I said, I believe that they will come to realize how the communists have made use (or misuse) of the workers, students and peasants just to seize power for themselves.

    These communists are rather too clever. The whole country will have to regard them as mentor in the matter of trying to attain power not by legal means but by foul means and dirty tricks."

    "Carry out political work using whatever means which is legal, just
    and fair. We will do our utmost to protect such persons according to
    law. But, if they try to cause the disintegration of the nation
    adhering to the evil notion of "Spoil the meat if one cannot eat it".

    I hereby warn them that we shall strike at them using all our
    strength."

    (From a speech by Bogyoke Aung San broadcast at 6.33 p.m. on 5th April
    1947)

  1. ပြည်သူ said... :

    ဟိုတစ်ချိန်က တပ်မတော်နဲ့ပြည်သူ ဘာကြောင့် စည်းလုံးမှုရရှိခဲ့တယ်ဆိုတာကို သဘောပေါက်မယ်ဆိုရင် ယနေ့တပ်မတော်ဟာ ဘာကြောင့် ပြည်သူ့မေတ္တာ ပြည်သူ့ယုံကြည်ကိုးစားမှုကို မရတော့တာလဲဆိုတာကို မင်းမနိုင်ဆိုသူ သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။

  1. Anonymous said... :

    အဲဒီတုန်းက ပြည်သူကို အလုပ်အကြွေးပြုတဲ့တပ်မတော်လေ။ အခုလို ဆရာကြီးလုပ်ပြီး လူတွေကို ခွေးလို နွားလို မဆက်ဆံဘူးလေ။

  1. မင်းမနိုင်ရေ....
    အဲဒီတုန်းကတပ်မတော်က အခုတပ်မတော်နဲ့တူလို့လား

  1. အရင်တုန်းကတပ်မတော်နဲ့ယနေ့တပ်မတော်နဲ့တူမတူ
    ဆိုတာကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါသူများကိုလိမ်လို့
    ရချင်ရမယ်မိမိကိုယ်ကိုမိမိလိမ်ညာလို့မရပါဘူး။
    ခံယူချက်ကြောင့်လားအကြောင်းကြောင်းကြောင့်လားဆိုတာကိုယ်ကိုကိုယ်အသိကြုဆံးပါ
    စိတ်မဆိုးနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကျော်ကလူတိုင်း
    ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့စကားလေတွေပြောပြမယ်
    [ရပ်ပြေးအိမ်နှင်စစ်ထဲဝင်]
    ဆန်မရှိပဲပြုတ်ဥာဏ်မရှိရင် ဆိုတဲ့အဆိုကပြည်သူ
    နဲ့တပ်မတော်ကြားကယုံကြည်မှုရှိလို့လား

  1. tms said... :

    ဟိုတုန်းက တပ်မတော်, အခုက သတ်မတော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved