နေမျိုးဇင် ~
တပ်ကထွက်ပြီး အလုပ်မရှိတော့ အလုပ် လိုက်ရှာတယ်။ ဘာလုပ်လုပ် ရဲစခန်း က အကျင့်စာရိတ္တကောင်း
ကြောင်း ထောက်ခံချက် ပါမှ ရမယ်တဲ့။ ပြည်တွင်းမှာ အလုပ်မလုပ်တော့ဘူး။ ပြည်ပ ထွက်သွားတယ်။
အဘ ရေ အမ ရေ လို့ ပျစ်ချွှဲချွဲ ခေါ်တတ် ဖါးတတ်ရင် ၊ တိုက်တွေ ကားတွေ ရနိုင်မှန်း သိခဲ့ပေမယ့် အခု ချိန်ထိ စက်ဘီးလေးနဲ့ပဲ နေတယ်။
အာဏာရှိသောသူ၊ သြဇာရှိသော သူကို ကပ်ပြီး အခွင့်ထူး ကို တောင်းရမ်းရင် အခုဆို အထူးအခွင့်အရေး
တွေနဲ့ ရနိုင်မှန်း သိပေမယ့် ကိုယ့်လမ်း ကိုယ်ဖေါက် ၊ ကိုယ့် ရည်မှန်းချက် ကိုယ် ချမှတ်တယ်။
ဒီကနေ့ ငယ်ပေါင်း သူငယ်ချင်း တယောက်ကို အင်မတန် လှတဲ့ နောက်ဆုံးပေါ် ကားကြီးပေါ်မှာ န၀ရတ် ကိုးသွယ် လက်ကနဲထ လို့ ငါစီးသွားတဲ့ ၁၇၆ ဘတ်စ်ကား ပြတင်းက လှမ်းမြင်လိုက်တယ်။
ငါ မျက်ဝန်းထဲမှာတော့ သူငယ်ချင်းတွေ ကောင်းစားတာကို မနာလို မဖြစ်ပေမယ့် ငါ့ နိုင်ငံသားတွေ ဆင်းရဲတာကိုတော့ ၀မ်းနည်းတယ်။
ငါ ဟာ ငါ့ နိုင်ငံသား အများစုနဲ့ တန်းတူဘ၀ မှာ ပျော်မွေ့တယ် နိုင်ငံသား အများစု ဆင်းရဲ ငတ်မွတ်နေချိန် မှာ ငါ ဘိုးဘွား အမွေရလို့ ချမ်းသာစွာ နေနေရမယ် ဆိုတောင် ငါ့ လိပ်ပြာ လုံမှာ မဟုတ်ဘူး။
ငါ့ ကျောချ မယ့် နေ့ ငါ့ သချီုင်း မှတ်တိုင်လေး မှာ စံပယ် တကုံးလောက် ကျန်နေရင်ပဲ ငါ လူဖြစ်ရကျိုးနပ်နေမှာပါ။
ဟဟ လောက ကြီးက ရယ်စရာပဲနော်။ ငါ့မှာ န၀ရတ် ကိုးသွယ်ထက် တန်ဖိုးရှိတဲ့ ဖျာစုတ်လေး ရှိတယ်။ အဖိုးတန် ဇိမ်ခံ ကားကြီးနဲ့ မလဲနိုင်တဲ့ စက်ဘီးစုတ်လေးရှိတယ်။ ဘယ်လို လူချမ်းသာကြီးတွေမှ မ၀ယ်နိုင် တဲ့ အိမ်မက် လှလှလေးတွေ ငါ့ မှာ အမြဲမက်နေတာပဲ။ ဖျာစုတ်လေးပေါ်က သာယာသုတိ ငြိမ်းချမ်းတေး
လေးတွေ သီနေတဲ့ အိပ်မက်လေးတွေ မက်ရင်း ငါ့သင်းချိုင်း မှတ်တိုင်လေး အကြောင်း တခါ တခါ တွေး မိပါတယ်။
ကျနော် လူဖြစ်ကျိုး နပ်ပါရစေ အမေ။
We really admire you brother.