လက်ပံတောင်းနှိမ်နင်းမှုကို အရေးယူရန် တောင်ကြီးတွင် တောင်းဆို

Thursday, December 6, 2012

~



ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသ ဆန္ဒပြ သံဃာတို့အား "နှိမ်နင်းခဲ့သူများ"ကို အမြန်ဆုံး ဖော်ထုတ် အရေးယူရန် တောင်ကြီးမြို့မှ သံဃာများက ယနေ့ နေ့ခင်းပိုင်းတွင် ဆန္ဒဖော်ထုတ်လိုက်ကြသည်။


(ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း)
လောကမာန်အောင်ကျောင်း ဆရာတော် ဦးခေမာနန္ဒ ဦးဆောင်သောသာ သံဃာတော  အပါး၂၀၀ ကျော် စုပေါင်း ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်ကြောင်း တွေ့ရသည်။

   စိန်ပန်းရပ် လောကမာန်အောင်ကျောင်းတိုက်မှ နေ့လည် ၂ နာရီတွင် စတင် ထွက်ရှိလာပြီး လမ်းတလျှောက် မေတ္တာပို့ခြင်း၊ အမျှဝေခြင်းများပြုလုပ်ကြသည်ကို တွေ့ရသည်။

ထို့နောက်  မြို့မရပ်ကို ဖြတ်ကာ  တောင်ကြီးမြို့ မိန်းလမ်း တလျှောက် လမ်းလျှောက် စီတန်း လှည့်လည်ကြသည်မှာ  စူဠာမုနိ စေတီ အထိ ဖြစ်သည်။

စူဠာမုနိ  ကုန်းမြေပေါ်တွင် ပရိတ်တရားများ ရွတ်ဖတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ နေ့ခင်းပိုင်း စီတန်း လှည့်လည်ခြင်းကို   ခွင့်ပြုမိန့်ဖြင့် တရားဝင် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သံဃာတော် တပါးက မိန့်ကြားသည်။



































--

1 comments :

  1. Anonymous said... :

    များမကြာမှိံ စစ်တပ်မှ မလွှဲမရှောင်သာ၍ အာဏပြန်သိမ်းတာ ဖြစ်လာနိုင်ချေ ရှိနေပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved