အောင်ပန်းမြို့မှာ ဆိုင်ကယ်တစီးနဲ့ ပဒေသာပင်သီးပြီ

Wednesday, December 5, 2012

~




ကထိန်ပွဲ ပဒေသာပင်မှာ ထူးထူးခြားခြား ဘာတွေ တွေ့ဖူးသလဲ။

ပြီးခဲ့တဲ့ လကုန်ပိုင်း ရှမ်းပြည်နယ် အောင်ပန်းမြို့ကထိန်ပွဲမှာ တွေ့ရတဲ့  ပဒေသာပင်များမှာတော့ မော်တော်ဆိုင်ကယ်တစီးကို တွေ့လိုက်ရပါတယ်။
 
အရင်က ရုပ်မြင်သံကြားစက်ကို လှူတာ မြင်ဖူးတယ်၊ အခုက ဆိုင်ကယ်အထိ လှူလာလို့ အံသြသွားတယ်  လို့ သတင်းသမားတဦးက ပြောပြပါတယ်။

ရှမ်းပြည်က ကထိန်မှာ ရုပ်သံလိုင်းဖမ်းတဲ့စလောင်းလှူတာလည်း မြင်ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။

ကထိန်ပဒေသာပင်တွေဟာ သံဃာတွေကို လှူဒါန်းတဲ့ ၀တ္ထုပစ္စည်းတွေပါ။ ဒါကြောင့် ဒီ မော်တော်ဆိုင်ကယ်က ဘုန်းကြီးကျောင်းတကျောင်းကို ရောက်သွားပြီး ကျောင်းရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းမယ့် စက်ပစ္စည်းတခု ဖြစ်သွားပါလိမ့်မယ်။

ဘုန်းကြီးကျောင်းတွေမှာ ကား၊ ထော်လာဂျီ အစရှိတဲ့ မော်တော်ယာဉ်တွေ ရှိတတ်ပါတယ်။

ကားတွေက ဈေးများတဲ့အတွက် ဒီအလှူရှင် (တွေ) က ဆိုင်ကယ်လောက်ပဲ လှူနိုင်တာ ဖြစ်ပါလိမ့်မယ်။

ကားဈေး ပြုတ်ကျ ပြုတ်ကျလာတဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကထိန်ပွဲများမှာ ကားအလှူလည်း မြင်လာရဖွယ် ရှိပါတယ်။

ကထိန်မှာ ၀တ္ထုငွေသား အသုံးအဆောင် ပစ္စည်းများကို ပဒေသာပင်များမှာ လှလှပပ ချိတ်ဆွဲ ပြသပြီး မြို့ပတ်လှည့်လည်တာ ထုံးစံပါပဲ။

သံဃာတွေ စီးနင်းဖို့ ကားလေးတွေ လှူမယ် ဆိုရင်တော့ ပဒေသာပင်မှာ အလှဆင်လို့ ရမယ် မဟုတ်ပါဘူး၊ အောင်ပန်းကထိန်လိုပဲ ကားကြီးကြီးနဲ့ တင်ထားရမှာပါ။

အခု တွေ့ရတဲ့ ဓာတ်ပုံများကို Mee Hnin Wut Yee ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ပုံတွေမှာ တွေ့ရတဲ့အတိုင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ကားပတ်ပတ်လည်မှာ ချိတ်ဆွဲထားတာကတော့ တခြားမြို့များနဲ့ မတူတဲ့ အောင်ပန်းမြို့ရဲ့ ကိုယ်ပိုင်ဟန်ပဲ ဖြစ်ပါတော့တယ်။

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved