ဘီယွန်းပရက်ရှာ မျက်မှောက်ခေတ်အနုပညာပွဲတော်

Wednesday, December 5, 2012



~


ရွက်စိမ်း ~


မြန်မာအပါအ၀င် ဒေသတွင်း ၇ နိုင်ငံက အနုပညာရှင်များရဲ့ အနုပညာ ဖန်တီးမှုပြပွဲကို မနက်ဖြန် ဒီဇင်ဘာ ၆ ရက် မှ ၉ ရက် အထိ  ရန်ကုန်မှာ တွေ့ရတော့မှာပါ။

    အခုပွဲမှာ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့က အနုပညာရှင်
၂၆ ယောက်ရဲ့ လက်ရာတွေကို ပြသသွားမှာဖြစ်ပါတယ်။

    ပါဖောမန့်အနုပညာပြပွဲကို တကောင်းပန်းချီပြခန်း၊ ကရ၀ိတ်ဥယျာဉ်ကမ္ဘာတို့မှာ တွေ့ရမယ်၊  အင်စတော်လေးရှင်း၊ ဗီဒီယို၊ ဂရပ်ဖတီ အနုပညာပြပွဲများကို ကြည့်နိုင်မယ့် နေရာကတော့ စိမ်းလန်းစိုပြေဥယျာဉ် ဖြစ်ပါတယ်။

ပွဲစီစဉ်တဲ့ ဘီယွန်းပရက်ရှာ (beyond pressure) ကို ၂၀၀၈ မှာ စတင်တည်ထောင်ခဲ့တယ်၊ ဒီအဖွဲ့က မြန်မာနိုင်ငံမှာ နိုင်ငံတကာ ပါဖောမန့်ပွဲတော်ကို ပထမဆုံး ကျင်းပခဲ့တဲ့ အနုပညာအဖွဲ့လည်းဖြစ်တယ်လို့ သိရပါတယ်။

အနုပညာလက်ရာတွေကို ကန့်သတ်ခဲ့တဲ့ ကာလကိုကျော်လွန်လာတဲ့အခါ နိုင်ငံသား အနုပညာရှင် တွေ အနေနဲ့ မည်သို့သော အနုပညာလက်ရာတွေကို ဖန်တီးနိုင်ကြမလဲ ဆိုတဲ့ အနာဂတ်မျော်မှန်းချက်နဲ့ ဘီယွန်းပရက်ရှာ ဆိုပြီး နာမည်ပေး ခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့က ၂၀၀၈ ခုနှစ်ကနေ ဒီကနေ့အထိ ပါဖောမန့်ပွဲတော် ၄ ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ 

အသေးစိတ်အချက် အလက် တွေကို 09 – 5091- 595 (မိုးစက်) နဲ့ www.beyondpressure.org တို့မှာ စုံစမ်းနိုင်ပါတယ်။
                                                                                                                         




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved