တေဇလှိုင် ~
(ဓာတ်ပုံများ - တေဇလှိုင်) |
ပထမအကြိမ် မန္တလေးတောင်ဖိတ်ခေါ်အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ဒီမနက် ၇ နာရီမှာ စတင်ပါတယ်။
မန္တလေးတောင်တက် ပြိုင်ပွဲ၊ တောင်ဆင်းလမ်းကြမ်းပြိုင်ပွဲ ဆိုပြီး နှစ်ပိုင်းခွဲ ကျင်းပခဲ့ တာပါ။
တောင်တက်စက်ဘီးစီးပြိုင်ပွဲဟာ မန္တလေးမှာတော့ ကြီးလူကြီးလူငယ် အများအပြား ကြိုက်နှစ်သက်ကြတဲ့ အားကစားနည်းတခုဖြစ်လာနေပါပြီ။
ဒီမနက် ပြိုင်ပွဲမှာ အမျိုးသမီး စက်ဘီး အားကစားသမား ၃ ဦး ပါဝင်ခဲ့ ပါတယ်။ သူတို့ထဲက တဦး ထိခိုက်ဒဏ်ရာရပါတယ်။
ပြိုင်ပွဲဝင်စက်ဘီးများမှာ အမျိုးအစားအလိုက် ၂သိန်း ၃ သိန်းမှ သိန်းဆယ်ဂဏန်းအထိ ရှိပါတယ်။ မန္တလေးမြို့ လူငယ်များကြားမှာ ဒီလို ပြိုင်ဘီးစီးတာဟာ
ပေါ်ပြူလာ ဖြစ်လာတဲ့ ဖက်ရှင် တခုပါပဲ။
ဒီမနက် ပြိုင်ပွဲ မြင်ကွင်းများကို ဖော်ပြလိုက်ပါတယ်။
---
0 comments :
Post a Comment