ဒုတိယအကြိမ် တောင်ကြီး၊ ဒီဇင်ဘာမီးလောင်မှု

Sunday, December 16, 2012

~ ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

တာင်ကြီးမြို့ ၊ဦးကြီးခမ်းရပ် ၊ မြတ်လေးလမ်း၊ အိမ်အမှတ် ည/၅၄ အပေါ်ပြင်ထောင်၊ အုတ်ခံနေအိမ် မှ စတင်ပြီး မီးလောင်ကျွမ်းမှုတစ်ခု ဒီဇင်ဘာ ၁၁ ရက်နေ့ က နေ့လယ်၁၁း၁၅မိနစ်တွင် ဖြစ်ပွားခဲ့သည်။ 

 ဓာတ်ပုံများ- ဂျွန်ချစ်ငြိမ်း /ဧရာဝတီ 

မီးလောင်ကျွမ်းမှုဖြစ်ပွားပုံမှာ ယင်းနေအိမ်ရှိ ရေမော်တာ ရေတင်နေစဉ်အပူချိန်လွန်ကဲရာမှ လျှပ်စစ်မီးရှော့ 
ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဦးသန်းအောင် ကပြောသည်။ 



မြတ်လေးလမ်းသည် လမ်းကျဉ်းဖြစ်နေသဖြင့် မီးလောင်သည့်နေအိမ်နေရာထဲသို့ မီးသတ်ကားများ မ၀င်ရောက်နိုင်သဖြင့် မီးသတ်ပိုက်များသွယ်တန်းကာခက်ခက်ခဲခဲ ငြိမ်းသတ်ရကြောင်း ၊၁၁း၁၅မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း ၁၂း၀၅ မိနစ်တွင်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊မီးသတ်ကားများ မီးလောင် ရာနေရာသို့ ၁၁း၃၀ တွင်ရောက်ရှိလာကြောင်း၊ လူနိုင်ရေနိုင်သဖြင့် မီးငြိမ်းနိုင်ခဲ့ပြီး အိမ်အမှတ် /၅၃၊ အိမ်အမှတ် ည/၅၂ ပါမီးလောင်ကျွမ်းမှုထဲ ပါဝင်သွားကြောင်း ရပ်ကွက်နေ မျက်မြင် ပြည်သူများ ကပြောသည်။ 


ယင်းမီးလောင်ကျွမ်းမှုအား တောင်ကြီးမီးသတ်ဌာနမှ မီးသတ်ကားအပြင်၊ အရံမီးတပ်ဖွဲ့ဝင် များ၊ ရွှေညောင်၊ အေးသာယာ၊ အောင်သပြေ မှ မီးသတ်ကားများပါ လာရောက်ကူညီငြိမ်းသတ်ပေးကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်အားသက်ဆိုင်ရာဌာနများစုပေါင်းပြီး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာန်ရှိသူ တစ်ဦး ကပြောသည်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved