လက်ပံတောင်း သံဃာများအတွက် သင်္ကန်း အလှူ

Sunday, December 16, 2012


 ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း/ဧရာဝတီ
 
~ ဂျွန်ချစ်ငြိမ်း(တောင်ကြီး)  ~

လက်ပံတောင်းတောင် ဆန္ဒပြမှုတွင် ဖြိုခွင်းခံရသဖြင့် မီးလောင်သင့်ဒဏ်ရာများရရှိခဲ့သည့် သံဃာတော် များအတွက် တောင်ကြီးမြို့၊ လောကမာန်အောင်ကျောင်းတိုက်ဆရာတော် ဦးခေမာနန္ဒ က သင်္ကန်းများ လှူဒါန်းခဲ့ကြောင်း ဆရာတော် ဦးခေမာနန္ဒက မိန့်ကြားသည်။ 

သင်္ကန်းများအား တောင်ကြီးမြို့တွင်ရောက်ရှိနေသည့် မန္တလေးမြို့ ၊ဘုရားကြီးရေတော်တိုက် ၊အနန္တဂုဏ်ရည်ဆရာတော် ဦးဝိသုတ ၊ မုံရွာဆရာတော်၊ ရွှေဝါရောင်အရေးဆရာတော် ဦးပဏ္ဍ၀ံသတို့ ထံ ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၂ နာရီ ၁၂ မိနစ်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆရာတော် ဦးခေမာနန္ဒက မိန့် ကြားသည်။ 


လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်ပြီး ၁၂ ရက်နေ့  ၁၂ လ ၁၂ မိနစ်တွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် သံဃာတော်များ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ မေတ္တာပို့သခဲ့ကြကြောင်း၊ တောင်ကြီး တွင် ဆန္ဒဖော်ခြင်းများ မပြုလုပ်ခဲ့သော်လည်း မီးလောင်သင့် သံဃာတော်များအတွက် ရည်စူးပြီး သင်္ကန်း များ ဆပ်ကပ် လှူဒါန်းကြောင်း လောကနန္ဒကျောင်းတိုက်တွင်တွေ့မြင်ရသည့် တောင်ကြီးဒေသခံ တို့က ပြောသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved