စစ်ကိုင်းမှာ တခမ်းတနား ကျင်းပနေတဲ့ မဟာအလှူပွဲ

Friday, December 21, 2012

 ~


 မနေ့က (ကြာသပတေးနေ့က) စစ်ကိုင်းမြို့မှာ တခမ်းတနား တွေ့ရတဲ့ ရှင်ပြုနားသ အလှူပွဲကြီးရဲ့ မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 
စစ်ကိုင်းမြို့ မကျီးစင်ကျေးရွာက အလှူပွဲပါ။
အလှူရှင် တဦးတည်းက ကျပ် သိန်းလေးရာ အကုန်အကျခံခဲ့တဲ့ အလှူပွဲကြီးဖြစ်ပါတယ် တဲ့။
ဆင်တစီးငှားခချည်းပဲ ဆယ်သိန်းအထက် ရှိတယ်လို့ ဆိုပါတယ်။ ဆင်သုံးစီးငှားခဲ့ပေမယ့် တစီးသေသွားလို့ အလှူလှည့်ရာမှာ နှစ်စီးပဲ သုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မောင်ရင်လောင်းတွေကို ဆင်၊ မြင်းတို့နဲ့ ၊ သီလရှင်လောင်းတွေကို နွားယာဉ်များနဲ့ ကျော့ကျော့မော့မော့ တွေ့ခဲ့ရပါတယ်။ ခမ်းခမ်းနားနား ၀င်းခင်းပြီး အလှူလှည့်ရာမှာ ရောင်စုံ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များ၊ အကအလှ အဆိုအတီးများနဲ့ သိုက်သိုက်မြိုက်မြိုက်ရှိလှပါတယ်။

မဏ္ဍပ်ကြီးကလည်း ဟီးထနေတာပါ။

 
ဒေသခံအများအပြား အားပေးကြည့်ရှုခဲ့ကြတဲ့၊ ၇ ရက် ၇ လီ လှူတန်း ကျွေးမွေးတယ် ဆိုတဲ့ ဒီအလှူပွဲရဲ့ အဓိက အစိတ်အပိုင်း တခုကတော့  မောင်ရင်လောင်း၊ သီလရှင်လောင်း စီတန်းလှည့်လည်ပွဲပါပဲ။
 
လှည့်လည်ပွဲမှာ ပါဝင်သူများ အလှအပဆုံး ပြင်ဆင်၊ ၀တ်ဆင်ထားကြတာကို တွေ့ရပါတယ်။



















 
 



















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved