Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ

Friday, December 21, 2012

 ~
 

           ဆောင်းဦးလင်း  ~

iOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။  ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ   အဆင်ပြေ လွယ်ကူစွာ  ပြန်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ယခုထွက်လာတဲ့ iOS အတွက် ဂူဂဲလ် မြေပုံသုံးစနစ်တွေဟာ  ဗားရှင်းအဟောင်းထက် သာလွန် ကောင်းမွန်နေပါတယ်။  ဂူဂဲလ်က ထုတ်တဲ့ အန်းဒရိုက် ဆော့ဖ်ဝဲလ်မှာသာ ပါတဲ့  စွမ်းဆောင်ချက်တွေ အတိုင်း လုပ်ဆောင်နိုင်တာကို တွေ့ ရမှာပါ။ နမူနာ အနေနဲ့ ဆိုရင် - အရင်တုန်းက အန်းဒရိုက် ဆောဗ့်ဝဲယ်တွေမှာသာ ပါခဲ့တဲ့  turn-by-turn directions လို့ ခေါ်တဲ့ ဘယ်ကွေ့၊ ညာကွေ့    စတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။

အသစ် ထွက်လာတဲ့ iOS အသစ်ကို အသုံးပြုချင်ရင် စတင် ရယူ လုပ်ယူနိုင်ပြီဖြစ်ပေမယ့် အသုံးပြုသူများစွာ လာရောက်ကူးယူနေတာကြောင့် Apple ရဲ့ ဆာဗာ ဟာ မကြာခဏ ကျနေတတ်ပါတယ်။ ဒီလိုပြဿနာနဲ့ ကြုံရရင်  ခဏ ဆိုင်းငံ့ပြီး  ပြန်လည် သွားရောက် ကူးယူနိုင်ပါတယ်။ 

နာမည်ကြီး နည်းပညာဝက်ဆိုဒ် မက်ရှဘယ်မှာတော့
(၁)  ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ်   အရင်ကထက် ပိုမိုဆန်းသစ်လာတယ်၊
(၂)အသံ နဲ့  ဘယ်ကွေ့ ၊ ညာကွေ့ စနစ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်တယ်
စသဖြင့် ချီးကျူးသွားပါတယ်။

Apple ဟာ သူတို့ ရဲ့ ကိုယ်ပိုင် Apple မြေပုံသုံး စနစ် ကို မကြာသေးမီက စတင်မိတ်ဆက်ပြီး Apple ပစ္စည်းတွေမှာ ဂူဂဲလ် မြေပုံသုံးစနစ် ကို ဖယ်ရှားခဲ့ရာမှာ စွမ်းဆောင်ရည် ညံ့ဖျင်းတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတင် သြစတေးလျမှာ Apple မြေပုံသုံးစနစ် ကြောင့် လမ်းပျောက်သူ အတော် များခဲ့တဲ့အထိ  စွမ်းဆောင်ရည် ဆိုးရွားခဲ့တာပါ။

အခုလို ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ် ကို ပြန်သုံးဖို့ ဆုံးဖြတ်လိုက်တာကြောင့် Apple ပစ္စည်း အသုံးပြုသူ တော်တော်များများ ပြန်လည် အဆင်ပြေစေမှာဖြစ်ပါတယ်။

iOS သမားတွေ ဂူဂဲလ် မြေပုံစနစ် ပြန်သုံးချင်တယ်ဆိုရင် အောက်ပါလင့်မှာ သွားရောက် ရယူနိုင်ပါတယ်။

https://itunes.apple.com/us/app/google-maps/id585027354?mt=8

ကိုးကား စာမျက်နှာများ -
http://www.bbc.co.uk/news/technology-20694028
http://mashable.com/2012/12/13/google-maps-ios-here/




















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved