လူကြီးမင်းသို့ ပေးစာ

Friday, December 14, 2012


 သို့/ 

လူကြီးမင်း ခင်ဗျာ..... 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့  တွင်ပန်းသီးဂိမ်း(သို့) ငွေအကြွေစေ့လောင်းကစားစက်များဖြင့် ပုန်းကွယ် လျှိုကွယ် ထားရှိဖွင့်လှစ်ကာ လောင်းကစားမှုများ ရှိနေပါသည်။ 

မည်သူ၏ ခွင့်ပြုချက်ကိုမည်သို့ရယူ၍ဖွင့်လှစ်ခြင်းမသိပါ။ နောက်ကွယ်တွင် မရိုးသားမှုများ ရှိနေပါသည်။ ည အချိန် မီးစက်မောင်း၍ ကစားနေကြသဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ် ၊ သက်ကြီးရွယ်အို များအတွက် အနှောင့်အယှက်ဖြစ်ရပါသည်။

ဒေသခံပြည်သူများ၏အကျင့်စာရိတ္တကို ယိုယွင်းပျက်စီးစေပါသည်။ နိုင်ငံတော်၏ ဆင်းရဲ မွှဲတေမှု ပပျောက်
ရေး ဆောင်ရွက်ရာတွင် ဤသို့သော လောင်းကစားမှုများသည် အဟန့်အတား ဖြစ်စေပါသဖြင့် ထိရောက် စွာ အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 ကော့ကရိတ်မြို့ သား

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved