လက်ပံတောင်းအရေး တကိုယ်တော် ဆန္ဒဖော်ထုတ်

Sunday, December 16, 2012

လက်ပံတောင်းတောင်အရေးနဲ့ ပတ်သတ်ပြီး အကြမ်းဖက်ဖြိုခွင်းမိန့်ပေးခဲ့တဲ့ တရားခံကို ဖော်ထုတ်ပေးဖို့ ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ကိုထင်ကျော်က တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။


ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ၂နာရီခွဲမှာ သိမ်ကြီးဈေး ၊ သိမ်တော်ကြီးအနီး ဆူးလေ ဘုရားနားမှာ ဆန္ဒဖော် ထုတ်ခဲ့တာပါ။ 


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အမှန်တကယ် ပြေပြေလည်လည်နဲ့ အေးအေးချမ်းချမ်း ဖြေရှင်း မယ်ဆိုရင် ရရဲ့သားနဲ့ အချိန်ဆွဲထားခဲ့ပြီး ပြည်သူနဲ့ သံဃာတော်တွေ ချမ်းငြိမ်းစွာ မေတ္တာသုတ် ရွတ်တဲ့ အချိန်မှာမှ မီးလောင်ဗုံးတွေနဲ့ စစ်ဆင်ရေးပမာ ဖြိုခွဲခဲ့တာဟာ ကမ္ဘာမှာ အင်မတန်မှ ဂုဏ်သိက္ခာ ကျဆင်းတဲ့ လုပ်ရပ်လို့ ကိုထင်ကျော်က ပြောဆိုခဲ့ပါတယ်။ 


မြန်မာနိုင်ငံအစိုးရက ဒီမိုကရေစီလို့ ကြွေးကြော်နေတာကို ကျနော်တို့ ဘယ်လိုမှ မယုံနိုင်ဘူးလို့ ထည့် သွင်းပြော ဆိုခဲ့ပါတယ်။ 

တကိုယ်တော်ဆန္ဒဖော်ထုတ်ရင်း ကတိမတည်တဲ့ အစိုးရလို့ ရေးထားတဲ့ လက်ကမ်းစာစောင် တွေကို ဆိုင်တန်းတွေ နဲ့ လာရောက် ကြည့်ရှုသူတွေ ကို ဖြန့်ဝေပေးခဲ့ပါတယ်။ အာဏာပိုင်တွေက လာရောက် သတိပေးပါတယ်။ ဆန္ဒဖော်ထုတ်မှုအပေါ် တားမြစ် ၊ ဖမ်းဆီးမှုတော့ မရှိခဲ့ပါဘူး။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved