လက်ပံတောင်း အရေး အတွက် DKBA လည်း မြ၀တီမှာ ဆန္ဒပြ

Friday, December 14, 2012


 ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ။

ပြည်တော်မြင့် ~
ယနေ့နံနက်ကလ က်ပံတန်းတောင်ကြေးနီစီမံကိန်းရပ်တံ့ရန်တောင်းဆိုဆန္ဒပြခဲ့ကြသည့် သံဃာတော် များကို အကြမ်းဖက်နှိမ်နှင်းမှုအတွက် အစိုးရမှတောင်းပန်ရန်နှင့် ကချင် ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲကိုချက်ချင်းရပ်ဆိုင်းရန် ကလို့ထူးဘော DKBA အဖွဲ့ဝင် ၅၀ ခန့်နှင့်ထောက်ခံသူများ ကရင်ပြည်နယ် 
မြ၀တီမြို့တွင် ကား ၁၀ စီးနှင့်အတူ လှည့်လှယ်ဆန္ဒပြခဲ့ကြသည်။ 



နံနက် ရ နာရီကျော်ကစတင်ခဲ့ပြီး ၁ နာရီကျော်ကြာမြှင့်ခဲ့သည့်ဆန္ဒပြမှု ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည် ဟု ဦးဆောင်သူဖြစ်သည့် ကလို့ထူးဘော DKBA အဖွဲ့မှ ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာန ကိုပြောသည်။ 


ညနေပိုင်းနောက်တကြိမ်ဆန္ဒပြမည့် သတင်းထွက်ပေါ်နေသဖြင့် မြ၀တီမြို့တွင်လုံခြုံရေး အင်အားတိုးမြှင့် ထားသည်ဟု မြ၀တီခရိုင်ရဲတပ်ဖွဲ့မှရဲမှူးတဦးကပြောသည်။  




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved