ဗိုလ်ဂျော်နီ KNLA စစ်ဦးစီးချုပ်ဖြစ်ပြီ

Monday, December 24, 2012

ပြည်တော်မြင့် ~

ကရင် အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA ၏ စစ်ဦးစီးချုပ်အဖြစ် တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဂျော်နီ ကို ယနေ့ရွှေးချယ်တင်မြှောက်လိုက်သည်။ 

 KNLA ၏ ထိပ်တန်း စစ်ဦးစီးချုပ်သစ် ဗိုလ်မှူးချုပ်ဂျော်နီ၊ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ။ 

ကရင်အမျိုးသားအစည်းအရုံး KNU က ၁၅ ကြိမ်မြောက်ညီလာခံတွင် ရွှေးချယ်ခံရသည့် အမြဲတမ်း ဗဟို ကော်မတီ ၀င် ၄၅ ဦးကို ယနေ့ပြုလုပ်သည့် တာဝန်ပေးအပ်ပွဲနှင့် ဂတိသစ္စာပြုပွဲ တွင် ရွှေးချယ် ခဲ့ ခြင်းဖြစ်သည်။ 

ဗိုလ်မှူးချုပ် ဘောကျော်ဟဲ

သောကြာနေ့ကရွှေးချယ်ခံခဲ့ရသည့် ဗဟိုကော်မတီဝင် ၄၅ ဦးက စစ်ဦးစီးချုပ်အပြင်၊တပ်မဟာ ၅ မှူးဗိုလ်မှူး ချုပ်ဘောကျော်ဟဲကိုလည်း ဒုတိယစစ်ဦးစီးးချုပ်အဖြစ်ရွှေးချယ်ခဲ့ကြသည်။ 

KNLA ၏ ထိပ်တန်း စစ်ခေါင်းဆောင်နှစ်ဦးသည် ယနေ့မှစတင်ကာ ဗိုလ်ချုပ်ကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန်များကိုစတင်တာဝန်ယူရတော့မည်ဟု စစ်ရုံးချုပ်မှ တပ်မှူးကြီးတဦးကပြောသည်။  

ရွှေးချယ်ခံရသည့် စစ်ဦးစီးချုပ်သည် အသက် ၆၅ နှစ်နှစ်ဝန်းကျင်နှင့် ဒုတိယ စစ်ဦးစီးချုပ်သည် အသက် ၅၀ ၀န်း ကျင်ရှိသူများဖြစ်သည်။ 

ဗိုလ်မှူးချုပ်ဂျော်နီသည် သောကြာနေ့က KNU ဥက္ကဌ ဖြစ်သွားသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ နေရာကို ဆက်ခံခြင်းဖြစ်ပြီး၊ ဗိုလ်မှူးချုပ်ဘောကျော်ဟဲသည် အနားယူသွားသည့် ဒုတိယ စစ်ဦးစီးချုပ် စောဖလဲခို့ (အော်လီဗာ) ၏ နေရာကိုတက်ရောက်လာသူဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved