လက်ပံတောင်းအရေး KNU ပြောပြီ

Tuesday, December 4, 2012

~



ဆန္ဒပြသူတွေ မီးလောင်ဒဏ်ရာရသွားတဲ့အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ဒေသ သပိတ်စခန်း ဖယ်ရှားမှုနဲ့ ပတ်သက်ပြီး   ကရင်လက်နက်ကိုင်အဖွဲ့ KNU ကလည်း  ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

"အကြမ်းဖက် နှိမ်နင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝ မဖြစ်သင့်ပေ" လို့  ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးထားပါတယ်။

ကချင်ဒေသ လုံခြုံရေးအခြေအနေကြောင့်တိမ်းရှောင်နေရသူများ ခိုလုံတဲ့နေရာတွေ မီးရှို့ခံရတဲ့  "ဖြစ်ရပ်ဆိုး" ကြောင့် ငြိမ်းချမ်းရေးအလားအလာက စိုးရိမ်ဖွယ်ဖြစ်နေပြီလို့ ကြေညာချက်မှာ တွေ့ရပါတယ်။

မီးလောင် ဒဏ်ရာရသွားတဲ့ ဆန္ဒပြသူတဦးဖြစ်သူ မဖြူဖြူဝင်းနဲ့ မိတ်ဆွေများကို မန္တလေးဆေးရုံမှာ တနင်္ဂနွေနေ့က တွေ့ရပုံ ဖြစ်ပါတယ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
အခုလို ကြေညာချက် ထုတ်တဲ့ KNU အဖွဲ့ရဲ့ ခေါင်းဆောင်များက သူတို့ တပ်စခန်းတခုမှာ ညီလာခံ ကျင်းပနေတာပါ။

လာမယ့် ၄ နှစ်တာ ကာလအတွက် KNU ကို ခေါင်းဆောင်မယ့်သူများကို အဲဒီညီလာခံကနေ ရွေးချယ်မှာ ဖြစ်ပါတယ်။

KNU ကြေညာချက်
























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved